ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း စင်္ကာပူခရီး စတင်
စင်္ကာပူနိုင်ငံကို အလည်အပတ်ရောက်ရှိနေ တဲ့ မြန်မာအစိုးရ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းဟာ စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လုံး၊ ဂုဏ်ထူးဆောင်အကြီး တန်းဝန်ကြီး ဂိုချောက်ထောင် တို့နဲ့ တနင်္လာနေ့ က တွေ့ဆုံ ခဲ့ပါတယ်။
-
2014-07-14 -
-
-
စင်္ကာပူနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ မြန်မာ အစိုးရ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းဟာ စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လုံး၊ ဂုဏ်ထူးဆောင် အကြီးတန်းဝန်ကြီး ဂိုချောက်ထောင် တို့နဲ့တနင်္လာနေ့ က တွေ့ဆုံခဲ့ပါတယ်။
စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လုံး နဲ့တွေ့ဆုံခဲ့ရာမှာ စင်္ကာပူရဲ့ ပညာရေး နဲ့ကျန်းမာရေး ဆိုင်ရာ မူဝါဒတွေ ကို အလွန်တရာ စိတ်ဝဝင်စားကြောင်း ဒေါက်တာ စိုင်းမောက်ခမ်း ကပြောကြားခဲ့ပြီး၊ ကျယ် ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြကြောင်း Channel News Asia သတင်း က ဖေါ်ပြပါတယ်။
စင်္ကာပူ ဂုဏ်ထူးဆောင်အကြီးတန်းဝန်ကြီး ဂိုချောက်ထောင် နဲ့တွေ့ဆုံရာမှာလည်း မြန်မာ့ ပြည် တွင်း ဖွံ့ဖြိုးတိုးတက်ရေး နဲ့ လူမှု စီးပွားပြုပြင်ပြောင်း လဲရေးကိစ္စတွေ အကျယ်တဝင့် အမြင်ချင်း ဖလှယ် ခဲ့ကြ တယ်လို့ ဆိုပါတယ်။
၂၀၁၂ ခုနှစ် သမ္မတ ဦးသိန်းစိန် စင်္ကာပူကို လာရောက်လည်ပတ်ခဲ့စဉ်အတွင်း သဘောတူခဲ့ကြတဲ့ စင်္ကာပူ မြန်မာ နည်းပညာပူးပေါင်းဆောင်ရွက်ရေးအစ်ီအစဉ်အရ၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စင်္ကာပူရဲ့ ပံ့ပိုးကူညီမှုတွေအပေါ် ကျေးဇူးဥပကာရတင်ရှိပါကြောင်း ဒေါက်တာစိုင်းမောက်ခမ်း က ပြောကြားခဲ့ပါတယ်။
စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လုံး နဲ့ ဂုဏ်ထူးဆောင်အကြီးတန်းဝန်ကြီး ဂိုချောက်ထောင် တို့ကလည်း ရန်ကုန်မှာရှိတဲ့ စင်္ကာပူ မြန်မာ သက်မွေးဝမ်းကျောင်းသင်တန်းဌာနကို နောက်နှစ်မှာ စတင်ဖွင့်လှစ်မှာ ဖြစ်ပြီး၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စင်္ကာပူ က ဆက်လက်ကူညီသွားမှာဖြစ်ကြောင်း ပြောကြား ခဲ့ကြပါတယ်။
အခု စင်္ကာပူ ခရီးစဉ်မှာ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း နဲ့အတူ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးတင်ဦးလွင်၊ ပညာရေး ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်နဲ့ ကျန်းမာရေးဒုတိယ ဝန်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဋ္ဌေး တို့ လိုက်ပါလာခဲ့ကြပြီး၊ တနင်္ဂနွေနေ့ကနေ ကြာသပတေးနေ့အထိ ငါးရက်ကြာ လည်ပတ်မှာဖြစ်ကြောင်း သိရပါတယ်။