နိုင်ငံခြား သတင်းဌာနများ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဆုံ

အမေရိကန် ပြည်ထောင်စုက နာမည်ကျော် Forbes မဂ္ဂဇင်းနဲ့ New Yorker မဂ္ဂဇင်းတွေ အပါအဝင်၊ စပိန်နိုင်ငံ ရုပ်မြင်သံကြားဌာနတခုကလည်း NLD ရုံးချုပ်ရှိရာ ရွှေဂုံတိုင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၂၂ ရက် ဒီကနေ့ လာရောက် တွေ့ဆုံ မေးမြန်းကြကြောင်း NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို စာနယ်ဇင်းသမားများ မေးမြန်းနေပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

“ဒီနေ့က မနက်ပိုင်း US က Forbes မဂ္ဂဇင်းနဲ့ New Yorker မဂ္ဂဇင်း အဲ အဲဒီက ပုဂ္ဂိုလ်တွေ ဒေါ်စုနဲ့ လာတွေ့တယ်။ နောက် ယိုးဒယားက မဂ္ဂဇင်းက အမျိုးသမီးလေး သုံးယောက် ဒေါ်စုနဲ့ လာတွေ့တယ်။ ဆိုတော့ သူတို့ သိချင်တာတွေ မေးကြတာပေါ့ဗျာ။ နောက် စပိန် တီဗီက ဒီနေ့ လာပါတယ်။ သတင်းသမားတွေချည်းပဲ ရုံးမှာပဲ လက်ခံတွေ့တယ်။”

NLD ပါတီက လုပ်ဆောင်နေတဲ့ HIV/AIDS ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ရေး ကိစ္စနဲ့ ပတ်သက်တာ နိုင်ငံရေး အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေကို ကူညီရေး ကိစ္စတွေကိုလည်း NLD ပါတီတွင်း တာဝန်ယူထားသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုဆွေးနွေးမှုတွေ ရှိကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူရေးနဲ့ ပတ်သက်လို့ NLD ပါတီ ခေါင်းဆောင်တွေကြား မကြာခင် ရက်ပိုင်း အတွင်း ဆွေးနွေးပွဲတခု လုပ်ဖို့ရှိကြောင်း စုံစမ်းသိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ NLD ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို RFA ဝိုင်းတော်သာ ကိုဉာဏ်ဝင်းအောင်က မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org