သြဂုတ် ၈ရက်နေ့ကို မြန်မာ့ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ဖို့ ကြိုးစား

သြဂုတ်လ ၈ ရက်နေ့ကို မြန်မာ့ဒီမိုကရေစီနေ့ အဖြစ် သတ်မှတ်ပြီး တရားဝင်ရုံးပိတ်ရက် သတ်မှတ်ပေးဖို့ လွှတ်တော်မှာ အဆိုတင်ပြီး ဥပဒေတစ်ရပ် ပြဌာန်းပေးနိုင်အောင် ကြိုးစားသွားမယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ FPPS ရဲ့ နိုင်ငံရေး အကျဉ်းသားရေးရာကော်မတီဝင် ဦးထွန်းကြည်က ပြောပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံ ၂၆ နှစ်ပြည့်ကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ၂ဝ၁၄ ခုနှစ်က ပြုလုပ်ခဲ့စဉ်

သြဂုတ်လ ၈ ရက်နေ့ကို မြန်မာ့ဒီမိုကရေစီနေ့ အဖြစ် သတ်မှတ်ပြီး တရားဝင်ရုံးပိတ်ရက် သတ်မှတ်ပေးဖို့ လွှတ်တော်မှာ အဆိုတင်ပြီး ဥပဒေတစ်ရပ် ပြဌာန်းပေးနိုင်အောင် ကြိုးစားသွားမယ်လို့ နိုင်ငံရေး အကျဉ်း သားဟောင်းများအဖွဲ့ FPPS ရဲ့ နိုင်ငံရေးအကျဉ်းသားရေးရာကော်မတီဝင် ဦးထွန်းကြည်က ပြောပါတယ်။

လာမယ့် သြဂုတ်လ ၈ ရက်နေ့ဟာ ၈ လေးလုံး အရေးတော်ပုံ ဖြစ်ပွားခဲ့တဲ့ အထိမ်းအမှတ် ၂၉ နှစ်မြောက်ကစပြီး ပိတ်နိုင်အောင် လွှတ်တော် ကိုယ်စားလှယ်တွေကို တွန်းအားပေးသွားမယ်လို့ ဦးထွန်းကြည် က ပြောပါတယ်။

"အဓိကကတော့ အဲ့အချိန်တုန်းကတောင်းဆိုတာ ဒီမိုကရေစီရရှိရေးလေ၊ စစ်အာဏာရှင်စနစ်ပျက် သုန်းရေး၊ ဘာပဲဖြစ်ဖြစ်၊ အဲ့နေ့၊ အဲ့အချိန်မှာ ကျဆုံးသွားတဲ့သူတွေအပေါ်မှာ တာဝန်ကျေစေချင်တယ်၊ အခုဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရတစ်ရပ်လည်းပေါ်ပေါက်လာပြီ၊ အဲ့အတွက်ကြောင့် ဒီနေ့ကို မြန်မာ့ဒီမိုကရေစီနေ့အဖြစ် တရားဝင် သတ်မှတ်ပေးဖို့၊ လွှတ်တော်ကိုယ်စားလှယ်တွေကနေ ပြီးတော့ ဥပဒေတစ်ရပ်ပြဌာန်းနိုင်ဖို့  လွှတ်တော်ထဲမှာ တိုက်တွန်းကြောင်းအဆိုလေးကို အကိုတို့ကြိုးစား သွားမှာပါ"

လက်ရှိအစိုးရဟာ ၈ လေးလုံးနဲ့အတူ ဖြတ်သန်းခဲ့တဲ့ အစိုးရတစ်ရပ်ဖြစ်တဲ့အတွက် တာဝန်ရှိတယ်လို့ ယူဆသလို ၈ လေးလုံး အရေးအခင်းမှာ တစ်နိုင်ငံလုံး လူထုအုံကြွမှုကနေ အမြောက်အမြား ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူပြည် သူတွေနဲ့ ကျောင်းသား လူငယ်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ လုပ်ဆောင်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာ့ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ပြီး တရားဝင်ရုံးပိတ်ရက်ဖြစ်ဖို့ တိုက်တွန်းကြောင်းအဆို တင်သွင်းပေးဖို့ မြို့နယ် အသီးသီးမှာရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဆီကို စာပေးပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ FPPS ဟာ လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံအနီးမှာ ၂၉ နှစ်မြောက် ၈ လေးလုံး အခမ်းအနား ကျင်းပသွားမှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org