အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်း ကန့်သတ်ချက်များကြောင်း သုံးသပ်

လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ အတည်ပြုထားတဲ့ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေမူကြမ်းဟာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ရပ်တည်ရခက်အောင် ကန့်သတ်ထားတဲ့ပြစ်ဒဏ်တွေ များနေတယ်လို့ ၈၈ မျိုးဆက်ပွင့်လင်းလူမှုအဖွဲ့အစည်းက ဦးကိုကိုကြီးက ဒီနေ့ပြောကြားလိုက်ပါတယ်။

လွှတ်တော်မှာ လက်ခံဆွေးနွေးို့ အတည်ပြုထားတဲ့ အသင်းအွဲ့ဆိုင်ရာ ဥပဒေမူကြမ်းဟာ အရပ်ဘက် လူမှုွဲ့အစည်းတွေ ရပ်တည်ရခက်အောင် ကန့်သတ်ထားတဲ့ပြစ်ဒဏ်တွေ များနေတယ်လို့ ၈၈ မျိုးဆက်ပွင့်လင်းလူမှုအဖွဲ့အစည်းက ဦးကိုကိုကြီးက ဒီနေ့ပြောကြားလိုက်ပါတယ်။

နေပြည်တော် သင်္ဂဟဟိုတယ်မှာ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေမူကြမ်းဲ့ ပတ်သတ်ပြီး ပြည်တွင်းအရပ်ဘက် လူမှုအဖွဲ့အစည်းပေါင်း ၄ကျော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးကြတဲ့ အခမ်းအနားမှာ ခုလိုပြောလိုက်တာဖြစ်ပါတယ်။

ဒီအသင်းအဖွဲ့လုပ်နေတဲ့ အဖွဲ့အစည်းတွေကို အထောက်အပံ့ပေးတာ အကာအကွယ်ပေးတာမျိုးကို ဥပဒေတွေမှာ ခိုင်ခိုင်မာမာပြဌာန်းဖို့လိုတယ်၊ ဒီအဖွဲ့အစည်းတွေပေါ်မှာ နိုင်ငံတော်က ဘယ်လိုအကာအကွယ် အစောင့်အရှောက်တွေ ပေးမယ်ဆိုတာမျိုးတွေ ပြောခြင်းအားဖြင့် အခုမှ မြေစမ်းခရမ်းပျိုးစလုပ်တဲ့ အဖွဲ့အစည်းတွေလည်း တဖြည်းဖြည်းနဲ့ မှတ်ပုံတင်ချင်စိတ်ပေါက်လာအောင် ရင့်ကျက်လာအောင် အားပေးတဲ့ဥပဒေမျိုးဖြစ်သင့်တယ်”

ဒီဥပဒေမူကြမ်းကို ဇူလိုင်လ ၂၇ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ နိုင်ငံပိုင်သတင်းစာတွေကဖော်ပြခဲ့ပြီး လွှတ်တော်က လက်ခံဆွေးနွေးဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။

အရပ်ဘက် လူှုအွဲ့အစည်းတွေထဲမှာ အဲဒီအသင်းအွဲ့ဆိုင်ရာ ဥပေဒမူကြမ်းကို ပြန်လည် ပြင်ဆင်သင့်တယ်လို့ ယူဆကြသူတွေရှိသလို၊ အသစ်ပြန်လည် ရေးဆွဲဖို့လိုတယ်လို့ ယူဆကြသူတွေအပြင် အသင်းအဖွဲ့ဆိုင်ရာ ဥပဒေဆိုတာ လုံးမရှိသင့်ဘူးလို့ ယူဆသူတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့က ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အရပ်ဘက်လူမှုအွဲ့အစည်း ၁ဝဝ ကျော်က ဒီဥပဒေအပေါ်သုံးသပ်တဲ့ ဆွေးနွေးပွဲတွေလည်း ကျင်းပခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် ကိုကျော်သူ သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org