စက်သုံးဆီလုပ်ငန်းမှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ခွင့်မပြုဖို့ ဝန်ကြီးထံ စာတင်မည်

စက်သုံးဆီလုပ်ငန်းမှာ ပြည်ပရင်းနှီးမြှုပ်နှံမှု ခွင့်မပြုဖို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ထံ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချ သူများအသင်းက လာမယ့်ရှေ့ တပတ်မှာ အသနားခံစာ တင်သွားမယ်လို့ သိရပါတယ်။

ဆိုင်တစ်ဆိုင်မှာ ဆီဖြည့်နေတဲ့ ကားတစ်စီးကို တွေ့ရစဉ်

စက်သုံးဆီလုပ်ငန်းမှာ ပြည်ပရင်းနှီးမြှုပ်နှံမှု ခွင့်မပြုဖို့   စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ထံ   မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းက   လာမယ့်ရှေ့တပတ်မှာ အသနားခံစာ တင်သွားမယ်လို့ သိရပါတယ်။

ပြည်တွင်းစက်သုံးဆီဆိုင်တွေ ဈေးနှုန်းကြီးမြင့်ရောင်းချနေတာ၊ အရည်အသွေး မမှန်မကန် ရောင်းချနေတာတွေ ကို အသင်းက ထိန်းချုပ်ဆောင်ရွက်နေတဲ့အကြောင်း နဲ့ ပြည်ပရင်းနှီးမြှုပ်နှံ ခွင့်မပြုဖို့ အသင်းအနေနဲ့ စာတင် သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်း ဥက္ကဌ ဦးဝင်းမြင့် က ပြောပါတယ်။

ပြည်တွင်းမှာ ဈေးကွက်ပြိုင်ဆိုင်မှုနည်းပါးတဲ့ စက်သုံးဆီ လုပ်ငန်းနဲ့ ဈေးဝယ်စင်တာလုပ်ငန်းတွေကို ပြည်ပ ရင်းနှီးမြှုပ်နှံခွင့်ပြုမယ်ဆိုပြီး စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ပြည်ပလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိ မြန်မာတစ်နိုင်ငံလုံးမှာ စက်သုံးဆီ အရောင်းဆိုင် ၂၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org