ရန်ကုန်မြို့မှာ ဓာတ်ဆီမှောင်ခိုလုပ်ငန်း တကျော့ပြန်လာနေ

ဓာတ်ဆီဈေးတက်ပြီး ဓာတ်ဆီမှောင်ခို လုပ်ငန်း တွင်ကျယ်နေတာကြောင့် ရန်ကုန်မြို့က ပုဂ္ဂလိက ဓာတ်ဆီဆိုင် တွေမှာ ညလုံးပေါက် စောင့်အိပ်ပြီး ဓာတ်ဆီတန်းစီ ဝယ်ယူနေသူတွေ ရှိသလို တချို့လည်း တဆိုင်ပြီးတဆိုင် လှည့်ပြီး ဝယ်ယူနေကြတယ်လို့ သိရပါတယ်။

ရန်ကုန်မှာ ဆိုင်တွေကနေ ဓာတ်ဆီထုတ်ပြီး အပြင်မှာ ပြန်ရောင်းနေတာ စီးပွားရေးလုပ်ငန်းတခုလို ဖြစ်နေပြီလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

နောက်ပိုင်း ကားတစီးကို တကြိမ်သာ ဝယ်ခွင့်ပေးလို့ တဆိုင်ပြီးတဆိုင် လှည့်သွားပြီး တန်းစီ ဝယ်ယူကြတယ်လို့ ဆိုပါတယ်။ တခါတခါလည်း ကိုယ့်အလှည့်ရောက်မှ ည ၈ နာရီ ကျော်သွားလို့ ဆိုင်ပိတ်လိုက်တဲ့အခါ လှည့်ပြန်ရတာမျိုးတွေလည်း ရှိပါတယ်။ တချို့ကျတော့ ညစောင့်အိပ်ပြီး တန်းစီကြတာပါ။ အထူးသဖြင့် ကားတစီး ၆ ဂါလံ ရောင်းတဲ့ဆိုင်တွေမှာ မနက် ၆ နာရီ ဆိုင်ဖွင့်တာနဲ့ ဓာတ်ဆီ ဝယ်နိုင်အောင် ည ၁၁ နာရီ ၁၂ နာရီလောက်ကတည်းက တန်းစီပြီး ကားထဲမှာ ညအိပ်ကြတယ်လို့ ဆိုပါတယ်။ လမ်းဘေးမှာလည်း ဓာတ်ဆီစောင့်ဝယ်တဲ့ ဆိုင်တွေ ပေါများနေတယ်လို့လည်းပြောပါတယ်။ ရန်ကုန်မြို့ထက် နယ်တွေမှာ ဓာတ်ဆီဈေး ပိုတက်နေတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org