နိုင်ငံရေး အကျဉ်းသား ကူညီရေး ဖို့ဝိန်းမှာ ရံပုံငွေရှာ

အမေရိကန် ပြည်ထောင်စု အင်ဒီယားနား ပြည်နယ် ဖို့ဝိန်းမြို့က မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး သြင်္ကန် ပွဲတော်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အတွက် ထောက်ပံ့ရေး ရံပုံငွေရှာ ဈေးရောင်းပွဲ တခုကို မနေ့က ကျင်းပ ခဲ့ပါတယ် ။

ဒီပွဲကို St. Henry ခရစ်ယံကျောင်း ရှေ့က ကစားကွင်းမှာ နေ့လည် ၁၂ နာရီ ကနေ ည ၁၀ နာရီ အထိ ကျင်းပခဲ့တာပါ။

ဒီသြင်္ကန်ပွဲ နဲ့ ဈေးရောင်းပွဲမှာ မြို့နေလူထု အပါအဝင် မြန်မာနိုင်ငံသား တိုင်းရင်းသား ပေါင်းစုံ ပရိသတ် ၄၀၀ ခန့် ပါဝင် ဆင်နွှဲခဲ့ပြီး မြန်မာ၊ တရုတ်၊ အိန္ဒိယ နဲ့တိုင်းရင်းသား အစားအစာ ရောင်းချရာမှာ ရံပုံငွေ ဒေါ်လာ ၁၀၀၀ ကျော်ရခဲ့တယ်လို့ သိရပါတယ်။

ဒီပွဲနဲ့ တရက်မှာပဲ အမေရိကန်နိုင်ငံ နယူးရောက်မြို့ မှာရှိတဲ့ မိုးကြိုး လူသားချင်း စာနာမှု အကူအညီပေးရေး ဖေါင်ဒေးရှင်းက ရံပုံငွေရှာ ဈေးရောင်းပွဲ လုပ်ခဲ့ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးနဲ့ ၃၅ မိုင်ခန့် ဝေးတဲ့ ပန်းစပါယ်ဆိုတဲ့ ရွာမှာ ပလောင်ကလေးများအတွက် ကျောင်းဆောက်ပေးနေကြောင်း၊ ကလေး ၁၀၀ ခန့် ကျောင်းတက်နေပြီ ဖြစ်ကြောင်း၊ ဒီကျောင်းမှာ လိုအပ်တဲ့အဆောင်တွေ တိုးချဲ့နိုင်ဖို့ ရံပုံငွေ ကောက်ခံတာဖြစ်ကြောင်း ဒီပွဲ စီစဉ်ရာမှာ ပါဝင်တဲ့ ကိုဂျက်က ပြောပြပါတယ် ။

ဈေးရောင်းပွဲ ကို နေ့လည် ၁၂ နာရီကနေ ညနေ ၄ နာရီအထိ ပြုလုပ်ရာမှာ မြန်မာနိုင်ငံသားတွေနဲ့ ဒေသခံတွေပါဝင်တဲ့ ပရိတ်သတ် ၈၀၀ နီးပါး လာရောက် အားပေးကြတယ်လို့သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org