အလုပ်ထုတ်ခံရသူတွေကို ပြန်ခန့်ပေးဖို့ အလုပ်သမားတွေ ဆန္ဒပြ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ဖုယွင်အထည်ချုပ်စက်ရုံက အလုပ် သမား သမဂ္ဂ ဥက္ကဋ္ဌ အပါအဝင် အယောက် ၃၀ ကို အလုပ်ပြန်ခန့်ပေးဖို့ အလုပ်သမား ၅၀၀ ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ဖုယွင်အထည်ချုပ်စက်ရုံက အလုပ်သမားရဲ့ ဆန္ဒထုတ်ဖော်ပွဲကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ် Photo: Thet Htar Swe

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ဖုယွင်အထည်ချုပ်စက်ရုံက အလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌ အပါအဝင် အယောက် ၃၀ ကို အလုပ်ပြန်ခန့်ပေးဖို့ အလုပ်သမား ၅၀၀ ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

အလုပ်ထုတ်ခံရသူတွေကို အလုပ်ပြန်မခန့်သေးသရွေ့ ဆက်လက်တောင်းဆိုသွားမယ်လို့ အလုပ်ကနေ ထုတ်ပယ်ခံထားရတဲ့ ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌ မသက်ထားဆွေက ပြောပါတယ်။

"ဒီအပြစ်မရှိဘဲနဲ့ ဥပဒေကို ချိုးဖောက်ပြီးတော့ လုပ်ငန်းရှင်က အလုပ်ဖြုတ်တာဖြစ်တဲ့အတွက် အဲဒီအလုပ်သမား ၃၀ ကို  လုပ်ငန်းခွင်တည်မြဲရေး၊ အလုပ်ပြန်လည်ခန့်ရေး ညီမတို့ တောင်းဆိုချက်တွေမရမချင်း အဆုံးတိုင်ထိ တိုက်ပွဲဝင်သွားမယ်"

ဆန္ဒပြပွဲမှာ ဖုယွင် အထည်ချုပ်စက်ရုံက အလုပ်သမားတွေအပြင် ဒဂုံဆိပ်ကမ်းမှာရှိတဲ့ တခြား စက်ရုံ ၇ ရုံက အလုပ်သမားသမဂ္ဂတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

အဲဒီစက်ရုံမှာ အနည်းဆုံးအခကြေးငွေ နှုန်းထားသစ်အတိုင်း လုပ်ခတွေတိုးပေးပြီးနောက်မှာ ကုန်ကျစရိတ်တွေ ပိုများလာတာ၊ လုပ်ခလစာစရိတ်တွေ ပိုကုန်ကျလာတာကြောင့် ရေရှည်စီးပွားရေး တွက်ခြေမကိုက်လို့ အရှုံးပေါ်နေတယ်လို့ စက်ရုံဘက်က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် အလုပ်ရှင်အလုပ်သမား သဘောတူညီချက်အတိုင်း အလုပ်မလုပ်သူတွေ၊ စာချုပ်ချိုးဖောက်သူတွေ၊ ခွင့်မဲ့ပျက်ကွက်မှု များသူတွေ၊ ကုန်ထုတ်လုပ်မှုကျဆင်းအောင် သွေးထိုးလှုံ့ဆော်သူ အလုပ်သမား အယောက် ၃၀ ကို သြဂုတ်လ ၂၀ ရက်နေ့ကစပြီး အလုပ်ရပ်စဲလိုက်တယ်ဆိုပြီး စက်ရုံဘက်က ထုတ်ပြန်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org