အရှင်ဂမ္ဘီရ ပြန်အဖမ်းခံရ
ရေ့ွှဝါရောင် သံဃာ့လှုပ်ရှားမှု ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရကို ဒီကနေ့ မနက် ၂ နာရီလောက်က လာရောက် ဖမ်းဆီးသွားကြောင်း သတင်း ရရှိပါတယ်။
-
2012-02-09 -
-
-
၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် မြောင်းမြ အကျဉ်းထောင်မှ ပြန်လည်လွန်မြောက်လာသူ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ခေါင်းဆောင် အရှင် ဂမ္ဘီရကို မဂ္ဂင်ကျောင်းတွင် သတင်းသုံးနေစဉ် တွေ့ရပုံ။ ဓာတ်ပုံ - RFA
RFA
အရှင်ဂမ္ဘီရ သီတင်းသုံးနေတဲ့ ကျိုက္ကဆံ လယ်တီ ဝိပဿနာကျောင်းတိုက်မှာ လာဖမ်းသွားတာ ဖြစ်ကြောင်း အကိုဖြစ်သူ ဦးအောင်ကျော်ကျော်က အတည်ပြု ပြောဆိုပါတယ်။
အရှင်ဂမ္ဘီရကို မဂ္ဂင်ကျောင်းတိုက် ပြန်ဖွင့်တာရယ်၊ သံဃာ့မဟာနာယကအဖွဲ့ ဆင့်ခေါ်တာကို မလာတာရယ်ကြောင့် ဖမ်းတာလို့ ယူဆရကြောင်း ဦးအောင်ကျော်ကျော်က ပြောပါတယ်။
ည ၂ နာရီလောက်မှာ ရဲနဲ့ SB လို့ ယူဆရသူတွေက ကားသုံးစင်းနဲ့ လာဖမ်းသွားတာဖြစ်ကြောင်း၊ လာဖမ်းသွားသူတွေက သူတို့ဟာ ရန်ကုန်တိုင်း အစိုးရက ဖြစ်တယ်လို့ ပြောဆို သွားခဲ့ကြောင်းလည်း ဘုန်းကြီးကျောင်းနဲ့ နီးစပ်သူတွေက ပြောဆိုပါတယ်။
ဦးအောင်ကျော်ကျော်ကို ကိုဇော်မိုးကျော်က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။