ရန်ကုန်မှာ အမှိုက်ကနေ လောင်စာ ထုတ်မယ်
ရန်ကုန်မြို့တွင်းက အမှိုက်များမှတဆင့် လျှပ်စစ်ထုတ်လုပ်ဖို့ ဂျပန်ကုမ္ပဏီတစ်ခုနှင့် အမေရိကန်ဒေါ်လာ ၁၆ သန်းခွဲ အကုန် အကျခံစက်ရုံဆောက်လုပ်ဖို့ စီစဉ်နေပါတယ်။
-
2015-09-04 -
-
-
ရန်ကုန်မြို့တွင်းက အမှိုက်များမှတဆင့် လျှပ်စစ်ထုတ်လုပ်ဖို့ ဂျပန်ကုမ္ပဏီတစ်ခုနှင့် အမေရိကန်ဒေါ်လာ ၁၆ သန်းခွဲ အကုန်အကျခံစက်ရုံဆောက်လုပ်ဖို့ စီစဉ်နေပါတယ်။
လုပ်ငန်းများကို ဂျပန်နိုင်ငံအခြေစိုက် JFE အင်ဂျင်နီယာလုပ်ငန်းကုမ္ပဏီနဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။
လူဦးရေ ၅ သန်းကျော်နေထိုင်တဲ့ ရန်ကုန်မြို့မှာ နေ့စဉ် အမှိုက်တန်ချိန်ပေါင်းများစွာထွက်နေပြီး ဆောက်လုပ်မယ့် စက်ရုံမှ တစ်နေ့ကို အမှိုက်တန်ချိန် ၆ဝ ကိုမီးရှို့ပြီး တာဘိုင်စက်ကို လည်စေပြီးနောက် လျှပ်စစ်ဓါတ်အား ၇ဝဝ ကီလိုဝပ်ထုတ် လုပ်နိုင်လိမ့်မယ်လို့မျှော်မှန်းထားပါတယ်။ ဆောက်လုပ်မယ့် စက်ရုံကို ၂ဝ၁၇မှာ အပြီး တည်ဆောက်မှာဖြစ်ပါတယ်။