ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ရုပ်အတွက် သရုပ်ဆောင် ၁၄ ဦး ပဏာမရွေးချယ်
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ရိုက်ကူးဖို့ စီစဉ်နေရာမှာ ဗိုလ်ချုပ်ဇာတ်ရုပ်အဖြစ် သရုပ်ဆောင်ဖို့ စာရင်းသွင်း လျှောက်ထားသူတွေထဲက ဆန်ခါတင် (၁၄) ဦးကို ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးအဖွဲ့က မနေ့က ရွေးချယ်လိုက်ပါတယ်။
-
2012-03-24 -
-
-
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ကားအတွက် ဇာတ်ညွှန်းရေးသားတဲ့အဖွဲ့ကို ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီ ကြည်စိုးထွန်း၊ မင်းထင်ကိုကိုကြီး၊ ဇာဂနာ တို့နဲ့အတူ စာရေးဆရာတွေဖြစ်တဲ့ ချစ်ဦးညို၊ ငြိမ်းမင်း ၊ ဇော်သက်ထွေးတို့နဲ့ ဖွဲ့စည်းခဲ့ပြီး ဇာတ်ညွန်းအတွက် ဝိုင်းဝန်း အကြံပေးကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့က ရွှေစင်စြင်္ကာ မော်တော်ယာဉ်လိုင်းက ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေးအတွက် ကျပ်ငွေ သိန်းတစ်ထောင်ကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို သွားရောက် လှူဒါန်းခဲ့တယ်လို့ ကမကထပြု စီစဉ်ပေးသူ တစ်ဦးဖြစ်တဲ့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူက ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နာယကအဖြစ် ဦးစီးဆောင်ရွက်နေပါတယ်။