မြန်မာ့ရေရှည် တိုးတက်ရေးအတွက် အစီအစဉ်တကျ ကူညီကြစေချင်

မြန်မာအပေါ် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေ အပြည့်အ၀ ပြန်ပေးမယ်လို့ ဂျာမဏီနိုင်ငံက ပြောပါ တယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ (၈.၂) သန်းနဲ့ ညီတဲ့ ယူရိုငွေ (၆.၂) သန်း ကူညီမယ်လို့ ဂျာမဏီအစိုးရက ကတိပြုခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျာမန်အစိုးရ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာဝန်ကြီး မစ္စတာ Dirk Niebel တို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က တွေ့ဆုံစဉ်။ AFP

အခုတော့ နောက်ထပ် ယူရိုငွေ (၁၀) သန်း ထပ်ဆောင်းပြီး ကူညီဖွယ်ရှိတယ်လို့ ဂျာမန်အစိုးရ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဝန်ကြီး Dirk Niebel က ပြောပါတယ်။

ဒါ့အပြင် ကူညီငွေတွေကို ဘယ်နေရာတွေမှာ သုံးစွဲသင့်သလဲဆိုတာ ဆွေးနွေးဖို့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဝန်ကြီးဌာနက အရာရှိတစ်ဦး မြန်မာနိုင်ငံကို ရှေ့လထဲမှာ သွားရောက်မှာဖြစ်ပါတယ်။

ရေရှည် တိုးတက်ဖွံ့ဖြိုးရေးကို အဓိကထားမှာ ဖြစ်တဲ့အတွက် သက်မွေးဝမ်းကျောင်း ပညာရပ်တွေ လေ့ကျင့်သင်ကြားရေး အရေးကြီးကြောင်းလည်း ဂျာမန်အစိုးရ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဝန်ကြီးက ပြောဆိုပါတယ်။

မြန်မာနိုင်ငံအတွက် ကူညီကြရာမှာ တစ်ယောက်တစ်ပေါက် ကြုံသလို လှူဒါန်းနေကြမယ့်အစား အချင်းချင်း တိုင်ပင်နှီးနှောပြီး အစီအစဉ်ကျကျ လှူဒါန်းကြဖို့လည်း ဝန်ကြီး Dirk Niebel တခြားအလှူရှင် နိုင်ငံတွေကို ဆော်သြ တိုက်တွန်းလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org