“မြန်မာ့ကျောက်စိမ်းနဲ့ စစ်ဗိုလ်ချုပ် ကြီးများ” မှတ်တမ်းဗီဒီယိုထုတ်ပြန်

မြန်မာနိုင်ငံက ကျောက်စိမ်းလုပ်ငန်းနဲ့ ကချင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေ ဆက်စပ်နေတဲ့ အကြောင်း ရိုက်ကူးထားတဲ့ “ကျောက်စိမ်းနဲ့ စစ်ဗိုလ်ချုပ်ကြီးများ” လို့ အမည်ပေးထားတဲ့ မှတ်တမ်းဗီဒီယိုကို ဗြိတိန်အခြေစိုက် Global Witness အဖွဲ့က မနက်ဖြန် မေလ ၁၇ ရက်နေ့မှာ အင်တာနက် စာမျက်နှာကနေ လွှင့်တင်သွားမယ်လို့ သိရပါတယ်။

Global Witness အဖွဲ့က ထုတ်ပြန်တဲ့ “ကျောက်စိမ်းနဲ့ စစ်ဗိုလ်ချုပ်ကြီးများ” လို့ အမည်ပေးထားတဲ့ မှတ်တမ်းဗီဒီယိုကို တွေ့ရစဉ်

မြန်မာနိုင်ငံက ကျောက်စိမ်းလုပ်ငန်းနဲ့ ကချင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေ ဆက်စပ်နေတဲ့ အကြောင်း ရိုက်ကူးထားတဲ့ “ကျောက်စိမ်းနဲ့ စစ်ဗိုလ်ချုပ်ကြီးများ” လို့ အမည်ပေးထားတဲ့ မှတ်တမ်းဗီဒီယိုကို ဗြိတိန်အခြေစိုက် Global Witness အဖွဲ့က မနက်ဖြန် မေလ ၁၇ ရက်နေ့မှာ အင်တာနက်စာမျက်နှာကနေ လွှင့်တင်သွားမယ်လို့ သိရပါတယ်။

ဒီမှတ်တမ်းဗီဒီယိုဟာ Global Witness အဖွဲ့က လျှို့ဝှက်စုံစမ်းဖော်ထုတ်ခဲ့တဲ့ မြန်မာနိုင်ငံက ကျောက်စိမ်း လုပ်ငန်းတွေနဲ့ စစ်အစိုးရခေါင်းဆောင်တွေ ပတ်သက်နေတဲ့အကြောင်း တင်ပြထားတဲ့ အစီရင်ခံစာ နောက်ဆက် တွဲ ဖြစ်ပါတယ်။

၂ဝ၁၅ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ ကျောက်စိမ်းလုပ်ငန်းက ရတဲ့ဝင်ငွေဟာ ၂ဝ၁၄ တနှစ်တည်းမှာတင် အမေရိကန် ဒေါ်လာ ၃၁ ဘီလီယံနဲ့ ညီမျှပြီး တနိုင်ငံလုံးရဲ့ တရားဝင် ကုန်ထုတ်တန်ဖိုး GDP ရဲ့ ၄၈ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

၁၉၉ဝ ပြည့်လွန်နှစ်တွေကစလို့ ကျောက်စိမ်းလုပ်ငန်းနဲ့ သယံဇာတလုပ်ငန်း အမြတ်အစွန်းတွေကို အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ မိသားစုတွေက လက်ဝါးကြီးအုပ် ရယူပိုင်ဆိုင်ခဲ့ကြပြီး၊ ၂ဝ၁၄ ခုနှစ် တနှစ်တည်းမှာတင် အကျိုးအမြတ် ဒေါ်လာသန်း ၂၂ဝ ရခဲ့ကြတယ်လို့ ဖော်ပြ ထားပါတယ်။

ဒီမှတ်တမ်းဗီဒီယိုကို မနက်ဖြန် ရန်ကုန်မြို့က Park Royal ဟိုတယ်မှာ ပြသမယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org