လူသေဆုံးမှုဖြစ်ပွားခဲ့တဲ့ ရွှေကျင် က ရွှေတူးဖော်ရာနေရာကို ပိတ်သိမ်းမည်
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ဝင်းခနိမ်ကျေးရွာအုပ်စုက ရွှေတွေ ထွက်ရှိတယ်ဆိုတဲ့နေရာကို ပိတ်သိမ်းဖို့အတွက် လုံခြုံရေးဆောင်ရွက်နေတဲ့ အစိုးရတပ်မတော်၊ KNU တပ်မဟာ ၃ နဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့ ညှိနှိုင်း ထားတယ်လို့ သိရပါတယ်။
-
2017-03-20 -
-
-
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ဝင်းခနိမ်ကျေးရွာအုပ်စုက ရွှေတွေထွက်ရှိတယ်ဆိုတဲ့နေရာကို ပိတ်သိမ်းဖို့အတွက် လုံခြုံရေးဆောင်ရွက်နေတဲ့ အစိုးရတပ်မတော်၊ KNU တပ်မဟာ ၃ နဲ့ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့တို့ ညှိနှိုင်းထားတယ်လို့ သိရပါတယ်။
KNU ထိန်းချုပ်နယ်မြေအတွင်းမှာ ဖြစ်နေတာကြောင့် မနေ့က ညနေ ၃ နာရီကစပြီး ပိတ်သိမ်းကြောင်း ကြေ ညာပေးပါလို့ သူတို့ကို ပြောခဲ့ကြောင်း ရွှေကျင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်း က ေြပာပါတယ်။
"လက်နက်ကိုင်အဖွဲ့တွေ ရှိနေတဲ့နေရာမှာ ကျွန်တော် အမိန့်ထုတ်တာထက် သူတို့က နဂိုကတည်းက နေရာယူ ထားတဲ့ အနေအထားလေးကြောင့် မို့လို့ အမိန့်က အရမ်းထုတ်လို့လည်း မရေသေးတော့ အားလုံးညှိပြီးတော့ မနေ့ကညနေ ၃ နာရီကစပြီးတော့ ပိတ်ထားလိုက်ပါပြီလို့၊ အဲဒါကြေညာပေးပါလို့ သူတို့ကိုပြောခဲ့ပါတယ်၊ ဒီနေရာကို ဘယ်သူမှ မဝင်ရဆိုပြီးတော့ သူတို့ပြောထားတယ်လို့ ပြောပါတယ်"
အဲဒီဒေသမှာ လာရောက်ရွှေတူးဖော်သူတွေကို လုံခြုံရေးယူပေးနေတဲ့ တပ်မတော် ခလရ ၅၈၉ ကတော့ မနေ့ကစပြီး လုံခြုံရေးမဆောင်ရွက်ပေးတော့သလို KNU တပ်မဟာ ၃ ဘက်ကလည်း ဒီနေ့မှာ လုံခြုံရေးတွေ ရုပ်လိုက်ပြီလို့ သိရပါတယ်။
ဒီနေ့မှာတော့ အဲဒီဒေသမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ မရှိတော့ပေမယ့် ရွှေလာရောက် တူးသူတွေ အနည်းငယ်တော့ ရှိသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီရွှေထွက်တဲ့နေရာနဲ့ ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့နဲ့ သွားရောက်တွေ့ဆုံပြီး ညွှန်ကြားချက် တစ်စုံတရာ ထုတ်နိုင်အောင် စီစဉ်သွားမယ်လို့လည်း ဦးဇော်မြင့်သိန်းက ပြောပါတယ်။
အဲဒီဒေသကို စီမံခန့်ခွဲလို့ရအောင် ညွှန်ကြားပေးဖို့ဆိုပြီး တိုင်းအစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရထံ ပြီးခဲ့တဲ့ ရက်ပိုင်းက တင်ပြထားတာ ဖြစ်ပါတယ်။
အဲဒီဒေသမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်သားတစ်ဦးရဲ့သေနတ်ကျည်ထိမှန်ပြီး ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က ဒေသခံတစ်ဦး သေဆုံးသွား တဲ့အတွက် ရွှေကျင်မြို့နယ်ရဲစခန်းမှာ လူသတ်မှုနဲ့ အမှုဖွင့်ထားတာလည်း ရှိပါတယ်။