အင်ခရန်ဘွမ်တောင်ကုန်းမှာ တိုက်ပွဲဖြစ်တယ် လို့ ကေအိုင်အေပြော

ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်စခန်း အင်ခရန်ဘွမ်တောင်ကုန်းကို အစိုးရတပ်က လေးရက်လောက်ကြာအောင် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး ဒီနေ့မှာတော့ နှစ်ဘက်တပ်တွေကြားမှာ တိုက်ပွဲ အနည်းငယ်ဖြစ်ပွားနေတယ်လို့ KIA ဘက်က ပြောပါတယ်။

ကင်းလှည့်နေတဲ့ အစိုးရတပ်မတော်သားတချို့ကို တွေ့ရစဉ် Photo: Kyaw Myo Min/RFA

ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်စခန်း အင်ခရန်ဘွမ်တောင်ကုန်းကို အစိုးရတပ်က လေးရက်လောက် ကြာအောင် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး ဒီနေ့မှာတော့ နှစ်ဘက်တပ်တွေကြားမှာ တိုက်ပွဲအနည်းငယ်ဖြစ်ပွားနေ တယ်လို့ KIA ဘက်က ပြောပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့ကနေ စပြီးတော့ အင်ခရန်ဘွမ်တောင်ကုန်းကို ပစ်ခတ်နေတာဖြစ်ပြီး အဲ့ဒီစခန်းဟာ KIA အတွက် အချက်အခြာကျတဲ့ စခန်းတစ်ခုဖြစ်တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။

"အင်ခရန်ဘွမ် တောင်ကတော့ လှုပ်ရှားတပ်မဟာရဲ့ ရှေ့တန်းနေရာဖြစ်နေတာ   လိုင်ဇာနဲ့ပြောရင်တော့ ကားနဲ့ ၃နာရီ ၄ နာရီလောက်သွားရတာပေါ့၊ ဒါပေမဲ့   မြေညီလမ်းပေါ့လေ မြစ်ကြီးနားဗန်းမော် ကားလမ်းနဲ့ပြန်ပြောရင်တော့ ကဇွပ် တဘတ်   ရဲ့ အရှေ့ဘက်မှာ ကျသွားတာ၊ မလိ ရေအား လျှပ်စစ်နေရာက အဲဒီတောင်ခြေရင်းမှာပဲ   နဲနဲအချက်အခြာကျတဲ့နေရာတော့ ဟုတ်ပါတယ်"

အဲဒီ အင်ခရန်ဘွမ် စခန်းအပြင် KIA တပ်ရင်း ၃ ဘက်မှာလည်း အစိုးရတပ်က စစ်ကြောင်း ၃ ကြောင်းရှိနေပြီး မကြာခဏ တိုက်ပွဲဖြစ်ပွါးနေတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ သြဂုတ်လကလဲ KIA တပ်မဟာ ၂လက်အောက်ခံ တပ်ရင်း ၁၄ တည်ရှိရာ တနိုင်းဒေသမှာ KIA နဲ့ အစိုးရတပ်တွေအကြားတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

KIA အဖွဲ့ဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်မထိုးသေးတဲ့အဖွဲ့ဖြစ်ပြီး မကြာသေးခင်က ကျင်းပပြီးစီးခဲ့တဲ့ ၂၁ ပင်လုံညီလာခံမှာ တက်ရောက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org