အစိုးရနဲ့ ရှမ်းတပ်ဖွဲ့တွေ တိုက်ပွဲ ထပ်မံဖြစ်ပွား

ရှမ်းပြည်နယ် သီပေါမြို့နယ် နမ့်မကျေးရွာ အနီးမှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည် လွတ်မြောက်ရေးတပ်မတော် SSPP/SSA တပ်တွေ ဒီကနေ့မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဝမ်ဟိုင်းဌာနချုပ်မှာ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က SSPP/SSA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် Photo: Kan Thar/RFA

ရှမ်းပြည်နယ် သီပေါမြို့နယ် နမ့်မကျေးရွာအနီးမှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော် SSPP/SSA တပ်တွေ ဒီကနေ့မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နှစ်ဖက်တပ်တွေ အခြေအနေတင်းမာနေတာ ရက်လောက်ရှိနေပြီး ဒီနေ့ မနက် နာရီခွဲလောက်ကစပြီး ပစ်ခတ်သံတွေ ကြားနေရတယ်လို့ နမ့်မကျေးရွာနဲ့ ၆ မိုင်အကွာမှာရှိတဲ့ လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာက ဦးစိုင်းလှထွေး က ပြောပါတယ်။

"၃၊ ၄ ရက်လောက်ရှိပြီ နှစ်ဖက်စစ်တပ်တွေ တင်းမာနေတာ၊ စဖြစ်တာကတော့ ဒီမနက် ၈ နာရီခွဲလောက်မှာပေါ့၊ တစ်မနက်လုံးပဲ"

ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့လောက်ကလည်း ကျောက်မဲမြို့နယ်က ပန်လော့၊ နမ့်ဝိုင်၊ အက်ကြီး၊ ဟိုမိန်း နဲ့ နောင်ကန်ကျေးရွာတွေအနီးက တောင်ကုန်းတောင်တန်းတွေမှာ အစိုးရတပ်မတော်နဲ့ SSPP/SSA တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ပန်လော့ နဲ့ နောင်ပိန်ကျေးရွာတွေမှာ ဒုက္ခသည် ၈၀၀ ကျော်လောက် ခိုလှုံနေကြရ ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org