အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်း ရေးဆွဲ
အကြမ်းဖက်မှုတေ ွမဖြစ်ပွားအောင် တားဆီးကာကွယ်နှိမ်နင်းရေး ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ဖို့အတွက် ဥပဒေမူကြမ်း တစ်ရပ် ရေးဆွဲနေပြီဖြစ်ကြောင်း ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက နေပြည်တော် ပြည်သူ့ လွှတ်တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။
-
2013-10-21 -
-
-
အကြမ်းဖက်မှုတွေ မဖြစ်ပွားအောင် တားဆီး ကာကွယ်နှိမ်နင်းရေး ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ဖို့အတွက် ဥပဒေမူကြမ်းတစ်ရပ် ရေးဆွဲနေပြီဖြစ်ကြောင်း ပြည် ထဲရေးဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း က နေပြည်တော် ပြည်သူ့လွှတ်တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ကိုက်ညီအောင်အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကြံပြုချက်တွေကိုလည်း ရယူပြီးရေးဆွဲထားကြောင်း ၊ ဥပဒေမူကြမ်းကိုစိစစ်ဖို့အတွက် ရှေ့နေချုပ်ရုံး ကိုပေးပို့သွားမှာဖြစ်ပြီး လွှတ်တော်ကိုတင်ပြဖို့ စီစဉ်ထားကြောင်း ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ ၊ ဒီနှစ်အတွင်း မိတ္ထီလာမြို့နဲ့ တခြားမြို့နယ်တချို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အားနည်းချက်တွေရှိခဲ့တယ်လို့ ပြောဆိုဝေဖန်မှုတွေ ရှိခဲ့ပါတယ်။