သင်တန်းတက်ရင်း သေဆုံးသူ ၁၁ ဦးကို အစိုးရ ထောက်ပံ့မယ်လို့ပြော

ပညာရေး သင်ရိုးသစ် သင်တန်းတက်ရောက်နေတဲ့ ဆရာ၊ ဆရာမ နှစ်သိန်းကျော်ထဲက အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသူ ၁၁ ဦးနဲ့ ဒဏ်ရာရသူ ခြောက်ဦးတို့အတွက် ပညာရေးဝန်ကြီးဌာနက ထောက်ပံ့ကူညီမယ်လို့ နေပြည်တော်က အခြေခံပညာဦးစီးဌာနမှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း က ပြောပါတယ်။

နေပြည်တော်က ပညာရေးဝန်ကြီးဌာနဆိုင်းဘုတ်ကို တွေ့ရစဉ်

ပညာရေး သင်ရိုးသစ် သင်တန်းတက်ရောက်နေတဲ့ ဆရာ၊ ဆရာမ နှစ်သိန်းကျော်ထဲက အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသူ ၁၁ ဦးနဲ့ ဒဏ်ရာရသူ ခြောက်ဦးတို့အတွက် ပညာရေးဝန်ကြီးဌာနက ထောက်ပံ့ကူညီမယ်လို့ နေပြည်တော်က အခြေခံပညာဦးစီးဌာနမှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း က ပြောပါတယ်။

ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှာ ပညာရေး ဝန်ထမ်းဆရာ ဆရာမတွေ ထိခိုက်နစ်နာတယ်ဆိုပြီး ဆန္ဒပြခဲ့တာနဲ့ ပတ်သက်လို့ ပညာရေး ဝန်ကြီးဌာနက အရေးယူဖို့ ရှိပါသလားလို့ သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာတော့ ဒီမိုကရေစီစနစ်အရ ဆန္ဒပြခွင့်ရှိတဲ့အတွက် အရေးယူဖို့ မရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေကို ချိုးဖောက်လာရင်တော့ အရေးယူမှာဖြစ်ကြောင်း၊ ပြီးခဲ့တဲ့၂၀၁၆ ခုနှစ်အတွင်း အခြေခံပညာဦးစီးဌာနလက်အောက်က ဝန်ထမ်း ၅၅၅ ဦးကို အလုပ်က ထုတ်ပယ်ခြင်းနဲ့ ရာထူးချထားခြင်း အပါအဝင် အရေးယူခဲ့မှုတွေမှာ အဂတိလိုက်စားမှုနဲ့ ပြစ်မှုဆိုင်ရာတွေ ပါဝင်တယ်လို့လည်း  ဦးကိုလေးဝင်း က ပြောပါတယ်။

လာမယ့် ပညာသင်နှစ်ကစလို့ အခြေခံပညာ မူလတန်းကျောင်းတွေက ကျောင်းသား ကျောင်းသူတွေအတွက် ငွေကျပ် ၁၄၀၀ တန်ဖိုးရှိတဲ့ ကျောင်းဝတ်စုံတွေ ပေးတော့မှာ မဟုတ်ဘဲ အဲဒီထောက်ပံ့မှုအစား တစ်ဦးကို ဗလာစာအုပ် ၆ အုပ်နှုန်းနဲ့ ပေးအပ်မှာဖြစ်ကြောင်းနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်အရ ကျောင်းတွေမှာ စာကြည့်တိုက်တွေ စာအုပ်တွေ ပိုမိုထားရှိဖို့ တိုးချဲ့ဆောက်လုပ်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org