အမုန်းမပွားကြဖို့ ပန်းစကားက သီချင်းခွေ ဖြန့်မည်

လူမျိုးရေးဘာသာရေးအမုန်းပွားစေတဲ့ စကားတွေ မပြောဆိုကြဖို့ ပညာပေး လှုံ့ဆော်ထားတဲ့ တေးသီချင်း MTV အခွေချပ်ရေ ၁ သိန်းကျော်နဲ့ အိပ်ဆောင် စာအုပ်တွေကို တနိုင်ငံလုံး အတိုင်း အတာနဲ့ ဖြန့်ဝေသွားမယ်လို့ “ပန်းစကား” အဖွဲ့က ပြောပါတယ်။

လူအချင်းချင်း အမုန်းစကားတွေ မပြောဖို့ သြင်္ကန်ကာလ အတွင်း ပန်းစကားအဖွဲ့ရဲ့ လှှုပ်ရှားမှှုမြင်ကွင်းတစ်ခု ကို တွေ့ရစဉ် Photo:Sann Maw Aung/RFA

လူမျိုးရေးဘာသာရေး အမုန်းပွားစေတဲ့ စကားတွေ မပြောဆိုကြဖို့ ပညာပေးလှုံ့ဆော်ထားတဲ့ တေးသီချင်း MTV အခွေချပ်ရေ ၁ သိန်းကျော်နဲ့ အိပ်ဆောင် စာအုပ်တွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြန့်ေ၀ သွားမယ်လို့ “ပန်းစကား” အဖွဲ့က ပြောပါတယ်။

ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းဖွဲ့စည်းထား တဲ့ ပြည်သူ့ဂုဏ်ရည်အဖွဲ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ တနင်္ဂနွေနေ့က  ကျင်းပခဲ့တဲ့   ၂၀၁၄ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနားမှာ ဆုရရှိ ခဲ့တဲ့ ပန်းစကားအဖွဲ့ ရဲ့ ဦးဆောင်သူ စာရေးဆရာ ဘလော့ဂါ ကိုနေဘုန်းလတ်က အခုလိုပြောခဲ့ပါတယ်။

"ပန်းစကားလှှုပ်ရှားမှှုရဲ့ နောက်တဆင့်အနေနဲ့ အလိုလူကြီးမင်းဆိုတဲ့ သီချင်းကိုအခုတော့ အကြမ်းသွင်းထားပြီးပြီပေါ့နော်၊ အွန်လိုင်းမှာ ရှိတယ် ဒါပေမဲ့ အကြမ်းမဟုတ်ပဲနဲ့ အဆိုတော်တွေပါ ဆိုပြီးတော့ အဆိုတော်တွေနဲ့ MTV တွေရိုက်ပြီးတော့ MTV အခွေလေးကို တနိုင်ငံလုံး အတိုင်းအတာ နဲ့ ဖြန့်သွားဖို့ရှိတယ် နောက်တစ်ခုစီစဉ်နေတာကတော့ အဲ့ဒီ ပန်းစကားဆိုတဲ့ စာအုပ်ပေါ့နော် အဲ့ဒီအထဲမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့စကားတွေပါမယ် အဲ့ဒါလေးတွေကို အိပ်ဆောင်စာအုပ်လေးတွေအနေနဲ့ ပန်းစကားစာစဉ် ၁၊ ၂၊ ၃၊ ၄ ဆိုတဲ့ပုံစံမျိုးနဲ့ အဲ့ဒါတွေ ထပ်ပြီးဖြန့်သွားမှာပေါ့"

ပြည်သူ့ဂုဏ်ရည် အထူးဆုရရှိခဲ့တဲ့ ပန်းစကားအဖွဲ့ကို ပြီးခဲ့တဲ့ ဧပြီလက စတင်ထူထောင်ခဲ့တာဖြစ်ပြီး သြင်္ကန်ကာလအတွင်း လူမျိုးရေးဘာသာရေးအမုန်းပွားစေတဲ့ စကားတွေမပြောဆိုကြဖို့ နှင်းဆီပန်းတွေ လိုက်ဝေလှုံ့ဆော်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီနှစ်၂၀၁၄ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို နာရေးကူညီမှုအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က ရရှိခဲ့ပြီး အထူးဆုတွေအနေနဲ့ ပန်းစကားအဖွဲ့၊ One More Foundation နဲ့ မခင်နှင်းကြည်သာတို့က ရရှိခဲ့ပါတယ်။

၂၀၀၉ ခုနှစ်က စတင်ပေးအပ်ခဲ့တဲ့ ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲအခမ်းနားတွေကို  အမေရိကန် ပြည်ထောင်စုနဲ့ ကိုရီးယားနိုင်ငံတွေမှာ ကျင်းပခဲ့ပြီး အခုပေးအပ်တဲ့ ၅ ကြိမ်မြောက် ဆုပေးပွဲဟာ မြန်မာနိုင်ငံအတွင်းမှာ ပထမ ဆုံးအကြိမ်ပေးအပ်တဲ့ အခမ်းအနားလည်းဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org