ကျောက်တံခါးမှာ လက်နက်ကြီးကြောင့် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

RFA Burmese
2024.01.24
ကျောက်တံခါးမှာ လက်နက်ကြီးကြောင့် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့တစ်နေရာကို တွေ့ရစဥ်။
Citizen Journalist

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ကညင်ကျိုးကျေးရွာထဲကို ဇန်နဝါရီလ ၂၃ ရက် ည ရှစ်နာရီခွဲဝန်းကျင်က လက်နက်ကြီးကျည်သုံးလုံး ကျရောက်ပေါက်ကွဲခဲ့လို့ အမျိုးသားတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အသက် ၆၆ နှစ်အရွယ် ဦးမြင့်နိုင်သေဆုံးပြီး အသက် ၆၆ နှစ်အရွယ် ဒေါ်ကျင်နုနဲ့ အသက် ၁၂ နှစ်အရွယ် စောအယ်ထူးစေးတို့ ဒဏ်ရာရရှိခဲ့တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

“လက်နက်ကြီးက သုံးချက်ပစ်တာ။ ထိတာ နှစ်အိမ်ပေါ့။ တစ်အိမ်က တစ်ယောက်သေသွားတာ။ နောက်တစ်အိမ်က မိသားစုဝင်နှစ်ဦးက ဒဏ်ရာရသွားတယ်”

လက်နက်ကြီးကျည်တွေကို စစ်ကောင်စီရဲ့ ပိန်းဇလုပ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ - ၂၆၄ က ပစ်ခတ်ခဲ့တာလို့ ပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ခလရ - ၂၆၄ ဟာ ကျောက်တံခါးမြို့နယ် အရှေ့ခြမ်းကရွာတွေကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ ဦးတင်ဦးကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

RFA က ပြုစုထားတဲ့စာရင်းတွေအရ အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ သုံးနှစ်အတွင်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၂၅၄ ဦး သေဆုံးပြီး၊ ၂၃၂၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။