လှည်းတန်းဈေးသည်တွေကို စည်ပင်က မတရား အရေးယူ

ရန်ကုန်မြို့ လှည်းတန်းလမ်းနဲ့ ထန်းတပင် လမ်းထောင့်နားက လမ်းဘေးဈေး သည်တွေကို သက်ဆိုင်ရာ စည်ပင်သာယာ ဝန်ထမ်းတွေ က ဈေးရောင်းခွင့်မရှိဘူးလို့ မနေ့ညနေက တားမြစ်တဲ့အခါမှာ ၊ ဈေးဗန်းတွေပါမှောက်သွန်ပစ်တဲ့ အတွက် ဆင်းရဲသားဈေးသည် တချို့ အရင်းအနှီးတွေ ထိခိုက်နစ်နာ သွားရတယ်လို့ သိရပါတယ်။

လှည်းတန်းဈေးအပြင်ဘက် လမ်းဘေးဈေးတစ်နေရာကို တွေ့ရစဉ်

ရန်ကုန်မြို့ လှည်းတန်းလမ်းနဲ့ ထန်းတပင်လမ်းထောင့်နားက လမ်းဘေးဈေးသည်တွေကို သက်ဆိုင်ရာ စည်ပင်သာယာ ဝန်ထမ်းတွေက ဈေးရောင်းခွင့်မရှိဘူးလို့ မနေ့ညနေက တားမြစ်တဲ့အခါမှာ၊ ဈေးဗန်းတွေပါမှောက်သွန်ပစ်တဲ့အတွက် ဆင်းရဲသားဈေးသည်တချို့ အရင်းအနှီးတွေ ထိခိုက်နစ်နာ သွားရတယ်လို့ သိရပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ မျက်မြင်တစ်ဦးဖြစ်တဲ့ မန္တလေးအခမဲ့စာကြည့်တိုက် တည်ထောင်သူ ပြည်သူ့ ဂုဏ်ရည်ဆုရှင် ကိုဇော်ဇော်က စည်ပင်ဝန်ထမ်းတွေအနေနဲ့ ဈေးရောင်းတဲ့နေရာခအတွက် ငွေမပေးနိုင်တဲ့ဈေးသည်တွေကို ဖမ်းလေ့ရှိတယ်လို့ RFA ကိုပြောပါတယ်။

"စည်ပင်သာယာက ဈေးသည်တွေကို မရောင်းရဘူးပေါ့နော်၊ ဒါပေမဲ့ သူတို့က ကြမ်းကြမ်းတမ်းတမ်းပေါ့နော် ၊ ဈေးသည်တွေရဲ့ ပြောင်းဖူးဗန်းတွေတို့၊ မြေပဲတို့ နောက်တော့ ဟင်းသီးဟင်းရွက်ပေါ့လေ ဆွဲပြီးတော့ လွှင့်ပစ်တယ်ပေါ့လေ၊ ငိုယိုပြီး တောင်းပန်တာပေါ့နော်၊ သူတို့မှာမရှိလို့ ဈေးရောင်းစားတယ်ပေါ့နော်၊ ခြေထောက်ကို ဖက်ပြီးတောင်းပန်တာတောင်မှ စောင်းမြောင်းပြီးတောင်မှ ပြောသွားတယ်ပေါ့၊ သူတို့က လှည်းတန်းလမ်းမရော လှည်းတန်းဈေးရှိတဲ့နေရာကျတော့ လမ်းဘေးကကျဉ်းကျဉ်းလေးရယ်၊ ဒါပေမဲ့ စည်ပင်သာယာကို ဆိုင်တွေကနေ ပိုက်ဆံပေးထားတဲ့အတွက် အစောကြီးထွက်ခွင့်တယ်ခင်ဗျ၊ ဒီလိုပဲ ထန်းတပင်လမ်းထဲက ဈေးသည်တွေ ကျတော့ ငွေကြေးအသပြာမရတဲ့အတွက် ဖမ်းဆီးတယ်ပေါ့"

အဲ့ဒီလှည်းတန်းတဝိုက် လမ်းဘေးဈေးသည်တွေဟာ စည်ပင်ဝန်ထမ်းတွေကို နေရာအတွက် နေ့စဉ်ငွေပေးပြီး ဈေးရောင်း လုပ်ကိုင်စားနေရသလို၊ ဝန်ထမ်းတွေကလည်း ငွေမပေးနိုင်တဲ့ ဈေးသည်တွေဆိုရင် မျက်နှာသာမပေးဘူးလို့ ပြောပါတယ်။

ကိုဇော်ဇော်ဟာ အဲ့ဒီလှည်းတန်းလမ်းဘေးမှာ ညဘက်ငါးကင်ရောင်းပြီး အခမဲ့စာကြည့်တိုက် တည်ထောင်ထားတဲ့ သူဖြစ်ပါတယ်။

ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံတဝိုက်က လမ်းဘေးဈေးသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ အဲ့ဒီနားမှာ ငါးကင်ရောင်းပြီး မန္တလေးစာကြည့်တိုက် တည်ထောင်ထားတဲ့ ကိုဇော်ဇော်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာနားဆင်နိုင်ပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org