လှည်းကူးက ကျူးကျော်တဲ အလုံးရေ ၅ ထောင်ခန့် ဖယ်ရှားပြီးဖြစ်
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ၊ စခမ်းကြီးကျေးရွာအုပ်စု အမြန်လမ်းက ကျူးကျော်တဲတွေကို တိုင်းဒေသကြီးအစိုးရ အဖွဲ့က အခုလ ၁၂ ရက်နေ့ကစတင်ပြီး ရှင်းလင်းနေရာမှာ ဒီနေ့အထိ ကျူးကျော်တဲ အလုံးရေ ၅၀၀၀ ခန့်ရှင်းလင်း ပြီးဖြစ်တယ်လို့ ရန်ကုန်တိုင်း မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးယုခိုင် က ပြောပါတယ်။
-
2017-06-19 -
-
-
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ၊ စခမ်းကြီးကျေးရွာအုပ်စု အမြန်လမ်းက ကျူးကျော်တဲတွေကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့က အခုလ ၁၂ ရက်နေ့ကစတင်ပြီး ရှင်းလင်းနေရာမှာ ဒီနေ့အထိ ကျူးကျော်တဲ အလုံးရေ ၅၀၀၀ ခန့်ရှင်းလင်းပြီးဖြစ်တယ်လို့ ရန်ကုန်တိုင်း မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြော ပါတယ်။
လာမယ့် တရက်၊ နှစ်ရက်အတွင်း အားလုံးရှင်းလင်းပြီး ဖြစ်မယ့်အနေအထားရှိတယ် လို့ ညွှန်ကြားရေးမှူး ဦးယုခိုင် က ေြပာပါတယ်။
"ဒီနေ့ထိဆို ၅၀၀၀ ကျော်ကျော်လောက်ထိ ဖြစ်သွားပြီ။ ဒီတစ်ရက်နှစ်ရက်အတွင်းတော့ ပြီးလောက်အောင် လျာထားတယ်။ သို့သော်လည်း ဒီဘက်က လက်ရှိအနေအထားအရ လုပ်ငန်းသဘာဝအရ နည်းနည်း နှောင့်နှေး နေတာလေးတွေလည်းရှိတာပေါ့ ။ လုပ်တော့လုပ်နေတယ် ကျနော်တို့ မပြီးသေးဘူးပေါ့။ နောက်ထပ်ကျန် လည်း နည်းနည်းပေါ့။ နည်းနည်းပဲကျန်တော့မှာ။ အရင်မှန်းတာတော့ လေးထောင်လောက်ပေါ့။ အခုလုပ်ရင်းကိုင်ရင်းနဲ့ ငါးထောင်ကျော်လောက်ဖြစ်လာတာပေါ့"
ကျူးကျော်တဲတွေကို ရှင်းလင်းရာမှာ ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ အမြန်လမ်းပေါ်တက်ပြီး အိပ်နေသူ ၅ ဦးကို ဝတ္တရားနှောင့်ယှက်မှုနဲ့ တရားစွဲဆိုထားပါတယ်။
ဒါ့အပြင် ကျူးကျော်တဲတွေကို ငွေပေးချေပြီး ဝယ်ယူခဲ့သူ ၃ ဦးက ရောင်းချခဲ့သူတွေကို လှည်ကူးရဲစခန်းမှာ လိမ်လည်မှုနဲ့ အမှုဖွင့်ထားတာရှိပြီး လိမ်လည်ရောင်း ချခဲ့သူတွေကို ထိထိရောက်ရောက် အရေးယူနိုင်ရေးအတွက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဦးယုခိုင်က ပြောပါတယ်။
လာရောက်တိုင်တန်းသူတွေရဲ့ ပြောပြချက်တွေအရ ရောင်းချသူတွေဟာ အုပ်စုဖွဲ့ပြီးလိမ်လည် ရောင်းချခဲ့ ကြတဲ့အနေအထားရှိတယ်လို့ သိရပါတယ်။
စခမ်းကြီးကျေးရွာအုပ်စု အမြန်လမ်းဘေးက ကျူးကျော်တဲ ၆၀၀၀ ဝန်းကျင်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က စီးပွားဖြစ်ကျူးတွေအဖြစ်သာ သတ်မှတ်ထားတာဖြစ်ပါတယ်။