အထည်ချုပ် အလုပ်သမား ၄ဝဝ နီးပါး ဆန္ဒပြ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ စက်မှုဇုန်က ဂျပန်နိုင်ငံသားပိုင် Honeys Garment 1 အထည်ချုပ် စက်ရုံအလုပ် သမား ၆ဝဝ ကို မနေ့က အလုပ်ထုတ်ပယ်လိုက်တဲ့အတွက် အလုပ်ထုတ်ခံရသူတွေထဲက ၄ဝဝ နီးပါးက ဒီကနေ့ ဆန္ဒပြကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံစက်မှုဇုံက ဂျပန်နိုင်ငံသားပိုင် Honeys Garment 1 အထည်ချုပ် စက်ရုံ အလုပ်သမားတွေ ဇွန်လ ၁၁ ရက်နေ့က ဆန္ဒပြစဉ် Photo: Thant Zin Oo/RFA

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံစက်မှုဇုံက ဂျပန်နိုင်ငံသားပိုင် Honeys Garment 1 အထည်ချုပ် စက်ရုံ အလုပ်သမား ၆ဝဝ ကို မနေ့က အလုပ်ထုတ်ပယ်လိုက်တဲ့အတွက် အလုပ်ထုတ်ခံရသူတွေထဲက ၄ဝဝ နီးပါးက ဒီကနေ့ ဆန္ဒပြကြပါတယ်။

အလုပ်ထုတ်ခံရသူတွေ အလုပ်ပြန်လည်ရရှိရေးအတွက် ၅ ရက်တိုင်တိုင် ဆန္ဒထုတ်ဖော်သွားမယ်လို့ ဆန္ဒပြပွဲ ဦးဆောင်တဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ဦးနေဝင်းဦးက ပြောပါတယ်။

"တစ်နေ့ကို နေ့စဉ်မနက် ၈ နာရီကနေပြီးတော့ ၉ နာရီထိ အဲဒီစက်ရုံရှေ့ ကျနော်တို့ သွားပြီးတော့ ဆန္ဒထုတ်ဖော်နေမှာ ခင်ဗျ၊ နေ့စဉ်ပေါ့နော် ၅ ရက်တိတိ၊ ဂျပန်လူမျိုးက ကျနော်တို့ခန့်ထားတာ စက်ရုံမှူးတို့ HR ဒါရိုက်တာတို့ ဆိုတာက၊ ကျနော်တို့ မြန်မာလူမျိုးတွေလေ၊ လစာယူပြီးတော့ အလုပ်သမားပဲ လစာယူပြီးတော့ လုပ်နေတာ၊ ဒါပေမဲ့ တစ်ခုရှိတာက မြန်မာလူမျိုးအချင်းချင်း ကိုယ့်ဝမ်းဝဖို့အတွက် ကိုယ့်လစာ တည်မြဲဖို့အတွက် ဒီအောက်ခြေအလုပ်သမားတွေကို ချနင်းတဲ့ ပုံစံမျိုးတွေ ဖြစ်နေတယ်"

အလုပ်သမားတွေကို စက်ရုံက အလုပ်ပြန်မခန့်သေးဘူးဆိုရင် ဂျပန်သံရုံး ရှေ့အထိ သွားရောက်ဆန္ဒထုတ်ဖော် မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ အထည်ချုပ်တဲ့နေရာ ပြောင်းရွှေ့တာကို မကျေနပ်တဲ့ အလုပ်သမားတွေကို အလုပ်ကနေထုတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ လမ်းလျှောက် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ အလုပ်သမားတွေဟာ ဥပဒေမဲ့ အလုပ်ထုတ်ပယ်မှု ရပ်တန့်ဖို့၊ ဥပဒေပါ အလုပ်သမားအခွင့်အရေး ရရှိဖို့နဲ့ ခွဲခြားဖိနှိပ်မှုတွေ ရပ်တန့်ဖို့တို့ကို တောင်းဆိုခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org