နိုင်ငံသားကတ်တွေကို Smart Card ပြောင်းမည်

နိုင်ငံသားစိစစ်ရေး(မှတ်ပုံတင်)ကတ်တွေ ကို Smart Card ပုံစံပြောင်းလဲဖို့ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာနက စဉ်းစားနေကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

နိုင်ငံသားစိစစ်ရေး (မှတ်ပုံတင်) ကတ်ရဲ့နောက်ကျောဖက်ကို တွေ့ရစဉ်

နိုင်ငံသားစိစစ်ရေး(မှတ်ပုံတင်)ကတ်တွေကို Smart Card ပုံစံပြောင်းလဲဖို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက စဉ်းစားနေကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီလိုပြောင်းလဲလိုက်ရင် မှတ်ပုံတင်အတုတွေ ပျောက်ကွယ်သွားနိုင်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

"ဒါတွေက နိုင်ငံတကာမှာ E- Identity ကတ်တွေလုပ်နေတာဆိုတော့ ထည့်သွင်းစဉ်းစားနေတဲ့ အနေအထား ပဲရှိပါတယ်။ တရားဝင် လုပ်မယ်ဘာမယ် ဆုံးဖြတ်ချက်ချထားတဲ့ အနေအထား မရှိသေးပါဘူး။ လေ့လာထားမှု အရတော့ အခုတော့ ကျနော်တို့လက်ဗွေပဲ သုံးတာပေါ့နော် E- Identity ကတ်ဆိုလို့ရှိရင် နှစ်မျိုးဖြစ်သွားမယ်၊ လက်ဗွေရော မျက်စိရော အချက်အလက်ကို ကျနော်တို့ ယူရင်ယူမယ် ကျန်တာတော့ ဘာမှပြောင်းလဲဖို့မရှိဘူး။ လက်ရေးနဲ့ဖြည့်တဲ့ ကတ်ထက် E- Identity ကတ်ဆိုရင် အတုအပတွေ နည်းသွားမယ်"

စမတ်ကတ်ပြောင်းလဲဖို့အတွက် နည်းပညာကုမ္ပဏီတွေက လာရောက်မိတ်ဆက်တာတွေ ဆောင်ရွက်နေပြီး ဝန်ကြီးဌာနဘက်က လေ့လာနေ ဆဲဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းကောက်ခံမှုအရ လူဦးရေ ၅၁ သန်းရှိပြီး နိုင်ငံသား စိစစ်ရေး(မှတ်ပုံတင်)ကတ် ကိုင်ဆောင်ထားသူ ၃၈ သန်းရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org