လှည်းကူးမြို့နယ် ကျေးရွာနှစ်ရွာ အိမ်ခြေ ၂၀၀ အဖျက်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် သမီးလေးကျေးရွာနဲ့ အင်းမတီးကျေးရွာက လူနေအိမ်ခြေတစ်ရာလောက်ကို စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ စည်ပင်အဖွဲ့တွေက ဒီနေ့မနက် ၄ နာရီလောက်က ဖျက်ဆီးလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် သမီးလေးကျေးရွာနဲ့ အင်းမတီးကျေးရွာက လူနေအိမ်ခြေတစ်ရာလောက်ကို စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ စည်ပင်အဖွဲ့တွေက ဒီနေ့မနက် ၄ နာရီလောက်က ဖျက်ဆီးလိုက်ပါတယ်။

လှည်းကူးမြို့နယ်အခြေစိုက် အမှတ် ၁၁ တပ်မဌာနချုပ် (ရဲမွန်) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ အခြေစိုက်နေရာတွေ မလွတ်ကင်းလို့ဆိုပြီး ဖယ်ပေးဖို့ အသိပေးထားပြီးဖြစ်ကြောင်း မဖယ်ရှားပေးသေးတဲ့အတွက် ဝင်ရောက်ဖျက်ဆီးလိုက်တာဖြစ်ကြောင်း သိရပါတယ်။ နေအိမ်ဖျက်ဆီးခံရတဲ့ အင်းမတီးကျေးရွာနေ ဦးသောင်းဟန်က အခုလိုပြောပါတယ်။

“တပ်မ ၁၁ လက်အောက်ခံ ခလရ ၂၂၈ ခြေမြန်တပ်ရင်းတို့၊ တပ်ကြပ်ကြီး သင်တန်းကျောင်းတို့၊ အားကစားသိပ္ပံကျောင်းတို့နဲ့ မလွတ်လို့ဆိုပြီးတော့ အတင်းအကြပ် ဖယ်ခိုင်းတာပေါ့၊ ဒီနေ့မနက် ၄ နာရီလောက်မှာပဲ အင်အား ၄ဝဝ ဝန်းကျင်လောက်ပေါ့ ဝိုင်းပြီးဖျက်ကြတာပေါ့၊ အိမ်ကြီးအိမ်ဟောင်းတွေ၊ တိုက်အိမ်တွေ၊ သစ်သားအိမ်တွေတော့ ဘူဒိုဇာနဲ့ထိုးတယ်၊ ဘက်ဟိုးတွေနဲ့ကုတ်တယ်၊ ဒေသခံတောင်သူတွေကတော့ သူတို့အိမ်တွေ ပျက်သွားတယ်ဆိုပေမယ့် လက်ရှိသူတို့ပျက်သွားတဲ့ နေရာမှာပဲ အကုန်လုံးကတော့ ဒီလိုပဲနေကြမှာပဲ၊ တခြားနေရာမှာ နေစရာမှမရှိတာ၊ ဖမ်းမယ်ဆိုရင်လည်း ဖမ်းခံရမှာပဲလေ”

လှည်ကူးမြို့နယ်က ကျေးရွာပေါင်း ၁၁ ရွာကို အမှတ် ၁၁ တပ်မဌာနချုပ် (ရဲမွန်) က ပြီးခဲ့တဲ့ ၁၉၉၂ ခုနှစ်ကတည်းက တပ်နဲ့မလွတ်လို့ဆိုပြီး ဖယ်ခိုင်းထားတာလို့လည်း သိရပါတယ်။

တချို့ကျေးရွာတွေက ပြောင်းရွှေ့ပြီးဖြစ်ပေမယ့် နှစ်ရွာပေါင်း အိမ်ခြေ ၁၀၀ ပတ်ဝန်းကျင်လောက်ရှိတဲ့ သမီးလေးနဲ့ အင်းမတီးကျေးရွာက မပြောင်းရွှေ့တာကြောင့် အဖျက်ခံရတာလို့ သိရပါတယ်။ အဲ့ဒီကျေးရွာနှစ်ရွာကို ဖေဖော်ဝါရီလ ၇ ရက်နေ့ နောက်ဆုံးထားဖျက်ပေးဖို့ အမှတ် ၁၁ တပ်မဌာနချုပ် (ရဲမွန်)က ဇန်နဝါရီလ နောက်ဆုံးအပတ်မှာ အသိပေးကြေငြာထားခဲ့တယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org