အရေးကြီးတဲ့ သမိုင်းအချိုး အကွေ့ရောက်နေပြီ

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အရေးကြီး တဲ့သမိုင်း အချိုးအကွေ့တစ်ခုကို ရောက် ရှိနေပြီ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၁၇ ရက်နေ့က မွန်ပြည်နယ်၊ သံဖြူဇရပ်ခရီးစဉ်တွင် တွေ့ရစဉ်။ Photo: Kyaw Zaw Win/ RFA

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အရေးကြီးတဲ့သမိုင်းအချိုးအကွေ့တစ်ခုကို ရောက်ရှိနေပြီ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု မြောက်ပိုင်းရှိ အင်ဒီယားနားတက္ကသိုလ်မှာ သောကြာနေ့ ညက ကျင်းပတဲ့ “ မြန်မာ နိုင်ငံရဲ့ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ဆွေးနွေးပွဲကို ပေးပို့တဲ့ ဗီဒီယိုမိန့်ခွန်းမှာ မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းကိုရောက်မလား၊ စစ်မှန်တဲ့ ဖွံ့ဖြိုးတိုးတက်မှု ရနိုင်မလား ဒါမှမဟုတ် အာဏာရှင်အစိုးရထက်ဘာမှပိုမထူးခြားတဲ့ အတုအယောင်ဒီမိုကရေစီနဲ့ဘဲ ဆက်လက် ရင်ဆိုင်နေရဦးမှာလားဆိုတာ လာမယ့် လအနည်းအငယ်က အဆုံးအဖြတ်ပေးပါလိမ့်မယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီအခမ်းအနားမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်တင့်ကလည်း မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးတွေ နဲ့ပတ်သက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲရေးတွေ အရှိန်အဟုန် နှေးကွေးနေတယ်ဆိုတာ မဟုတ်မှန်ကြောင်း၊ နောက်ပြန်လှည့်သွားမှာ မဟုတ်ကြောင်း သူက ပြောသွားပါတယ်။

ဒီအစီအစဉ်ကို အင်ဒီယားနားတက္ကသိုလ် နိုင်ငံတကာစီးပွားရေးပညာနဲ့ သုတေသနဌာန၊ BACI - မြန်မာ-အမေရိကန် ကွန်မြူနတီ အင်စတီကျုနဲ့  အင်ဒီယားနား တက္ကသိုလ် Kelly နိုင်ငံတကာစီးပွားရေးပညာသိပ္ပံ တို့က ပူးပေါင်းစီစဉ် တာဖြစ်ပြီး၊  အင်ဒီယားနား ပြည်နယ်ရောက် မြန်မာနိုင်ငံသားတွေအပါအဝင် ပရိသတ် စုစုပေါင်း ၁၅၀ လောက် တက်ရောက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org