အာဏာသိမ်းပြီးနောက် အိန္ဒိယကို ထွက်ပြေးသွားတဲ့ မြန်မာတသောင်းခွဲကျော်ရှိ

2021.05.18
အာဏာသိမ်းပြီးနောက် အိန္ဒိယကို ထွက်ပြေးသွားတဲ့ မြန်မာတသောင်းခွဲကျော်ရှိ စစ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံမှာ ရောက်ရှိခိုလှုံနေတဲ့ မြန်မာနိုင်ငံသားများ။
File Photo/Reuters

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ကိုဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံထဲကိုရောက်လာကြတဲ့ မြန်မာနိုင်ငံသား တသောင်းခွဲကျော်ရှိနေပြီလို့ အိန္ဒိယအစိုးရအရာရှိတွေက မနေ့ကပဲပြောလိုက်တဲ့ အကြောင်း ရုရှားသတင်းဌာန RT မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့အပြားမှာ အကြမ်းဖက်နှိမ်နင်းမှုတွေ၊ တိုက်ခိုက်မှုတွေ ရှိလာလို့ မြန်မာနိုင်ငံသားတွေ နယ်စပ်ဖြတ်ကျော် ထွက်ပြေးနေကြတာပါ။ ပြီးခဲ့တဲ့ဧပြီလ တလထဲမှာပဲ မြန်မာနိုင်ငံထဲကနေ တောင်တွေကို ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ရောက်လာခဲ့ကြတဲ့ မြန်မာနိုင်ငံသား ၁၈ဝဝ လောက်ရှိတယ်လို့ ဆိုပါတယ်။ အခုဆိုရင် ၁၅၄ဝဝ ကျော်ရှိသွားပြီး နေ့စဉ်နဲ့အမျှ အိန္ဒိယနိုင်ငံထဲရောက်လာသူ လူဦးရေက တိုးနေတယ်လို့ မီဇိုရမ်ပြည်နယ်အရာရှိတွေက မနေ့ကပဲရောက်လာတဲ့ လူအရေအတွက်ကို အတည်ပြုချက်ပေးပါတယ်။

အိန္ဒိယနိုင်ငံက မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံက ချင်းပြည်နယ်ဟာ နယ်စပ်ချင်း ထိစပ်နေရုံမက လူမျိုးစုအရပါ ဆက်စပ်နေကြတာပါ။ မြန်မာပြည်ကရောက်လာတဲ့ ဒုက္ခသည်တွေအတွက် နယ်စပ်တွေ ဖွင့်ပေးဖို့ ကုလသမဂ္ဂကလည်း အိန္ဒိယအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို တိုက်တွန်းနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။