စက်မှုကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ကို ဂုဏ်ပြုပွဲကျင်းပ

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့က ရန်ကုန်စက်မှုတက္ကသိုလ်အရေးအခင်းမှာ မဆလ အစိုးရက သေနတ်နဲ့ပစ်ခတ် မူကြောင့် သေဆုံးခဲ့တဲ့ စက်မှုတက္ကသိုလ် ပဉ္စမနှစ်ကျောင်း သားတွေဖြစ်တဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ကို နိုင်ငံရေး အသိုင်းအဝိုင်းက ဒီနေ့ ဂုဏ်ပြုကြပါတယ်။

မတ်လ ၁၃ ရက်နေ့က ကိုဖုန်းမော်နဲ့ ကိုစိုးနိုင် စာပေဆု ချီးမြှင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပစဉ် Photo: Thiha Tun/RFA

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့က ရန်ကုန်စက်မှု တက္ကသိုလ်အရေးအခင်းမှာ မဆလ အစိုးရက သေနတ် နဲ့ပစ်ခတ်မူကြောင့် သေဆုံးခဲ့တဲ့ စက်မှုတက္ကသိုလ် ပဉ္စမနှစ်ကျောင်းသားတွေဖြစ်တဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ကို နိုင်ငံရေးအသိုင်းအဝိုင်းက ဒီနေ့ ဂုဏ်ပြုကြပါတယ်။

လွန်ခဲ့တဲ့ ၂၇ နှစ်က အဖြစ်အပျက်တွေ ကို ပြန်ပြောင်းအောက်မေ့တဲ့ အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့တာဖြစ် ပါတယ်။ ဒီနေ့အခမ်းအနားမှာ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင် စာပေဆုတွေလည်း ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဒီနေ့ ပွဲစီစဉ်သူ ဗမာနိုင်ငံလုံးဆိုင်ရာ အင်ဂျင်နီယာကျောင်း သားဟောင်းများကွန်ရက် အဖွဲ့ဝင် ကိုအောင်ထွန်း က ပြောပါတယ်။

"ကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ ကိုဖုန်းမော်၊ ကိုစိုးနိုင်ကို အောက်မေ့သတိရဖို့ အခမ်းအနားတစ်ခုဖြစ် ပါတယ်၊ ကိုဖုန်းမော်ကုန်ဆုံးတာ ပြီးခဲ့တဲ့နှစ်က စာပေဆု၊ ဒုတိယအကြိမ်မြောက် စာပေဆုနဲ့ ကိုဖုန်းမော်ကုန်ဆုံးတာ ဒီမိုကရေစီသူရဲကောင်းဆုကို ကျနော်တို့ ချီးမြှင့်ပြီးဖြစ်ပါတယ်၊ အဲ့ဒါကတော့ ကိုပါကြီးနဲ့ ဒေါ်ခင်ဝင်းကို ချီးမြှင့်ခြင်းဖြစ်ပါတယ်၊ စာပေဆုကတော့ ယဉ်ထွန်းရဲ့ ဗိုလ်ချုပ်အောင်ဆန်း စာပေကပေါင်းချုပ်၊ နိုင်ဦးရဲ့ လမင်းမင်းသမီး စောနန်းမြစန္ဒာ၊ ဆရာအောင်စိုးသူရဲ့ ဒီမိုး  ဒီလေ ဒီနွေနဲ့ ဒီခရီးပြီးပြီလား စာအုပ်ပါ"

ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ဟာ ရန်ကုန်စက်မှုတက္ကသိုလ်က မြက်ခင်းပြင်မှာ လုံထိန်းတွေပစ်လိုက်တဲ့ သေနတ် ကျည်ဆံထိမှန်ပြီး ကိုဖုန်းမော်က အဲ့ဒီညမှာပဲ သေဆုံးခဲ့သလို ကိုစိုးနိုင်ကတော့ ဆေးကုသမှုခံယူရင်း ၂ ပါတ် အကြာမှာ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ဒီမိုကရေစီသူရဲကောင်းဆုတွေကို စစ်တပ်က သေနတ်နဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ အလွတ်သတင်းထောက် ကိုပါကြီးနဲ့ လက်ပံတောင်းမှာ သေနတ်ထိမှန်သေဆုံးခဲ့တဲ့ ဒေါ်ခင်ဝင်းတို့ကို ချီးမြှင့်ခဲ့ပါတယ်။

ဒီနေ့ အခမ်းအနားကို ၁၉၈၈ ခုနှစ် မတ်လအရေးအခင်းမှာပါဝင်ခဲ့တဲ့ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်း သားဟောင်းတွေနဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပါတယ်။

ဒီအခမ်းအနားအကြောင်း RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org