ဒီမိုကရေစီခိုင်မာဖို့ ကြိုးစားရမှာဖြစ်ကြောင်း ဦးဖြိုးမင်းသိန်း ပြော

လက်ရှိအချိန်ဟာ နောက်ကြောင်းပြန် မသွားရေးအတွက် ရုန်းကန်နေကြရ တာဖြစ်ပြီး ဒီမိုကရေစီခိုင်မာဖို့ ကြိုးစားရအုံးမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြော လိုက်ပါတယ်။

ရန်ကုန်မြို့ summit parkview hotel မှာ စက်တင်ဘာလ ၁၅ ရက်နေ့က ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုတွေ့ရစဉ် Photo: Myo Zaw Ko/RFA

လက်ရှိအချိန်ဟာ နောက်ကြောင်းပြန်မသွားရေးအတွက် ရုန်းကန်နေကြရတာဖြစ်ပြီး ဒီမိုကရေစီခိုင်မာဖို့ ကြိုးစားရအုံးမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောလိုက်ပါတယ်။

မနေ့ညနေပိုင်းက ရန်ကုန်မြို့ Summit Parkview ဟိုတယ်မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းနားမှာ ပြောခဲ့တာဖြစ်ပါတယ်။

"ဒီမိုကရေစီပန်းတိုင်ကိုရောက်ရှိဖို့ အားလုံးကရုန်းကန်နေကြရဆဲကာလမှာပဲ ရှိပါသေးတယ်၊ အားလုံးက မှတ်ချက်ပြုနေတဲ့ နောက်ကြောင်းပြန်မသွားရေးဆိုတဲ့အပေါ်မှာ ကျနော်တို့အားလုံးဟာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေကို ရုန်းကန်လှုတ်ရှားတဲ့ အချိန်တစ်ခုဖြစ်ပါတယ်၊ ကျနော် တို့နိုင်ငံဟာ ဒီမိုကရေစီခိုင်မာဖို့အတွက် ရုန်းကန်ကြရအုံးမှာဖြစ်ပါတယ်"

ဒါ့အပြင် လွတ်လပ်တရားမျှတပြီး ပြည်သူတွေအားလုံးကလက်ခံနိုင်တဲ့ ဒီမိုကရေစီစံချိန်စံညွှန်းညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်အောင် ကြိုးစားရအုံးမှာဖြစ်တယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းနားကိုတက်ရောက်လာတဲ့ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းကလည်း ၂၁ ရာစု ပင်လုံညီလာခံကျင်းပခဲ့တဲ့ အခြေအနေတွေအပါအဝင် လက်ရှိမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အင်္ဂလိပ်ဘာသာနဲ့ရှင်းပြခဲ့ပါတယ်။

မနေ့ညပိုင်းက ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းနားကို ရန်ကုန်တိုင်းဝင်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန်၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း အပါအဝင် နိုင်ငံခြားသံအရာရှိတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org