မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း ပြည်သူ့လွှတ်တော်မှာ တင်သွင်း
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
-
2016-09-20 -
-
-
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
နိုင်ငံတကာက လာရောက်ရင်းနှှီးမြှုပ်နံှမယ့် လုပ်ငန်းရှင်တွေအနေနဲ့ ယုံကြည်မှုရရှိပြီး တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးလာစေဖို့အတွက် ဒီဥပဒေကြမ်းကို လက်ခံဆွေးနွေးပေးဖို့ တင်သွင်းတာဖြစ်တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြောပါတယ်။
"ဒီဥပဒေရဲ့မူကြမ်းမှာ ကော်မရှင်ရဲ့လုပ်ပိုင်ခွင့်နဲ့ အာဏာများကို လျှော့ချခြင်း၊ ဆွေးနွေးတင်ပြရမည့် စာရွက်စာတမ်းများအထောက်အထားများကို ဖြေလျှော့ခြင်း၊ နိုင်ငံတော်ရဲ့ အခွန်ဘဏ္ဍာဆုံးရှုံးမှုမာျး မဖြစ်ပေါ်စေရန် အခွန်ကင်းလွတ်ခွင့်ကို ရင်းနှီးမြှုပ်နှံမှုအားပေးလိုတဲ့ ကဏ္ဍာများအတွက်သာ ခွင့်ပြုခြင်း"
၂၀၁၂ ခုနှစ်က ပြဌာန်းခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ ၂၀၁၃ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှစ်ခုကို ပေါင်းပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းဆိုပြီး ပြန်လည်ရေးဆွဲထား တာဖြစ်ပါတယ်။
အဲဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီကလည်း စိစစ်ထားပြီးဖြစ်တဲ့အတွက် လွှတ်တော်က အတည်ပြုပေးဖို့ ဥပဒေကြမ်းကော်မတီဝင်တစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်းက တင်ပြခဲ့ပါတယ်။