မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နံှမှု ဥပဒေကြမ်းကို အတည်ပြု
2016.10.05
ပြည်သူ့လွှတ်တော်မှာ အတည်ပြုထားတဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ပြင် ဆင်ဖြည့်စွက်ဆွေးနွေးမယ့် ကိုယ်စားလှယ်မရှိတဲ့အတွက် ပြည်သူ့လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အတိုင်း ဒီနေ့ အတည်ပြုလိုက်ပါတယ်။
အတည်ပြုလိုက်တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းဟာ အရင်အစိုးရလက်ထက်က ပြဌာန်းထားတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေတို့ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။
အဲဒီဥပဒေကြမ်းမှာ နိုင်ငံခြားသားနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံသူတွေကို တန်းတူအခွင့် အရေးပေးထားပေ မယ့် ငွေကြေး၊ နည်းပညာနဲ့ မြေယာငှားရမ်းမှုတွေမှာ မြန်မာနိုင်ငံသားကို ဦးစားပေးဖို့ ပြည်သူ့လွှတ်တော် မှာ ပြင်ဆင်အတည်ပြုထားတာဖြစ်ပါတယ်။
ဒါ့အပြင် ဖွံ့ဖြိုးမှုအနည်းဆုံး၊ ဖွံ့ဖြိုးမှု အလယ်အလတ်နဲ့ ဖွံ့ဖြိုးမှုအများဆုံး ဇုန်ဆိုပြီး ဇုန် ၃ ဇုန် ခွဲခြားသတ်မှတ်ထားပြီး ဖွံ့ဖြိုးမှုအနည်းဆုံးဇုန်တွေမှာ ရင်းနှီးမြှုပ်နှံရင် သက်သာခွင့်တွေရရှိမှာ ဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံရမယ့်ကာလကို နှစ် ၃၀ ကနေ နှစ် ၅၀ အထိပြင်ဆင်သတ်မှတ်ထားပေမယ့် နိုင်ငံသားနဲ့ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုအချိုးကို အတိအကျမပြဌာန်းထားဘဲ နည်းဥပဒေထဲမှာသာ ထည့်သွင်းမှာဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်က ပြင်ဆင်အတည်ပြုထားတဲ့ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်ကို ပေးပို့ထားတဲ့ အတွက် ဆွေးနွေးမယ့် ကိုယ်စားလှယ်တွေ အမည်စာရင်းပေးဖို့ ကြေညာထားပေမယ့် အမည်စာရင်းပေးသူ မရှိတာကြောင့် ပြည်သူ့လွှတ်တော် အတည်ပြုချက်အတိုင်း အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တာဖြစ် ပါတယ်။
အဲဒီဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့ပြီး အတည်ပြုမှာဖြစ်ပါတယ်။