စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကို ဂျပန်က ကာကွယ်ရေးသင်တန်းပေးမည်

2022.04.27
စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကို ဂျပန်က ကာကွယ်ရေးသင်တန်းပေးမည် ဗိုလ်လောင်းသင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို တွေ့ရစဥ်
Photo: Myanmar Military
စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးကို အခုနှစ် ပညာသင်နှစ်မှာ ဂျပန်ကာကွယ်ရေးသင်တန်းကျောင်း တွေမှာ တက်ဖို့ ဂျပန်နိုင်ငံက လက်ခံလိုက်တဲ့အတွက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်နေတယ်လို့ ဧပြီလ ၂၇ ရက်နေ့က ဂျပန်နိုင်ငံမှာ ထုတ်ဝေတဲ့ Asahi Shimbun သတင်းစာက ဖော်ပြပါတယ်။
 
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂျပန်အောက်လွှတ်တော်လုံခြုံရေးကော်မတီမှာ ဂျပန်ကာကွယ်ရေးဝန်ကြီး Nobuo Kishi က မနေ့ကတင်ပြရာမှာ မြန်မာစစ်တပ်က သုံးဦးကို ဂျပန်အမျိုးသား ကာကွယ်ရေး အကယ်ဒမီကို ဝင်ခွင့်ပေးခဲ့ပြီး နောက်တစ်ဦးကိုတော့ လေကြောင်းကာကွယ်ရေး အရာရှိသင်တန်း ကျောင်းမှာ ဝင်ခွင့်ပေးခဲ့တယ်လို့ ပြောပါတယ်။
 
အခုလို အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်တွေကို ကျောင်းဝင်ခွင့်ပေးတာနဲ့ ပတ်သက်ပြီး လူ့အခွင့် အရေးစောင့်ကြည့်အဖွဲ့ (HRW) က ဝေဖန်လိုက်ပါတယ်။ HRW အရာရှိ Teppei Kasai က ဒါဟာ အထူးကို စိတ်မကောင်းစရာဖြစ်တယ်၊ ဒီလုပ်ရပ်ကြောင့် ဂျပန်အစိုးရကိုယ်တိုင် အကြမ်းဖက်သူ တွေနဲ့ ကြံရာပါအဖြစ်ကို ရောက်ရှိသွားတယ်လို့ ဝေဖန်ပါတယ်။
 
ဂျပန်ကာကွယ်ရေးဝန်ကြီးကတော့ စစ်ကောင်စီအဖွဲ့ဝင်တွေကို ကျောင်းဝင်ခွင့်ပေးဖို့ ဘက်ပေါင်း စုံက ဆွေးနွေးနွေးမှုတွေရှိခဲ့ကြောင်း၊ ဒီကျောင်းတွေဟာ လူထုဆက်ဆံရေးနဲ့ ဒီမိုကရေစီသဘော ကို နားလည်ဖို့ ဖြစ်တာကြောင့် မြန်မာနိုင်ငံ အနာဂတ်တည်ဆောက်ရေးမှာ အကျိုးရှိလိမ့်မယ်လို့ ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။