ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ အစည်းအဝေးစတင်
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၈ဖွဲ့တို့ လက်မှတ်ရေးထိုးခဲ့တဲ့ NCA တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်အပေါ်မှာ လက်မှတ်မထိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နဲ့ ပြည်သူလူထုကပါ သံသယနဲ့ စောင့်ကြည့်နေ တာကြောင့် အောင်မြင်သည်အထိ နှစ်ဘက်စလုံးက သက်သေပြဖို့ လိုအပ်ကြောင်း KNU ကရင်အမျိုးသား အစည်းအရုံးက ဗိုလ်ချုပ်စောအိုင်းဇက်က ပြောပါတယ်။
-
2015-10-29 -
-
-
Your browser doesn’t support HTML5 audio
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၈ဖွဲ့တို့ လက်မှတ်ရေးထိုးခဲ့တဲ့ NCA တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်အပေါ်မှာ လက်မှတ်မထိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူလူထုကပါ သံသယ နဲ့ စောင့်ကြည့်နေတာကြောင့် အောင်မြင်သည်အထိ နှစ်ဘက်စလုံးက သက်သေပြဖို့ လိုအပ်ကြောင်း KNU ကရင်အမျိုးသားအစည်းအရုံးက ဗိုလ်ချုပ်စောအိုင်းဇက်က ပြောပါတယ်။
ရန်ကုန်မြို့ မြန်မာငြိမ်းရေးစင်တာမှာ ဒီနေ့စတင်ကျင်းပတဲ့ JMC “ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ" အစည်းအဝေးမှာ KNU ဗိုလ်ချုပ်စောအိုင်းဇက်က ပြောခဲ့တာဖြစ်ပါတယ်။
"တချိန်တည်းမှာပဲ ကျနော်တို့ကို လူထုတွေက စောင့်ကြည့်နေသလို တစ်ဘက်မှာလည်း ကျနော်တို့ရဲ့ အကောင် အထည်ဖော်မှုတွေကို အပစ်ခတ်လက်မှတ် မထိုးရသေးတဲ့ အဖွဲ့အစည်းတွေကလည်း စောင့်ကြည့်နေပါတယ်၊ ကျနော်တို့ တိုးတက်မှုကို အကောင်အထည်ဖော်သွားနိုင်သလို တစ်ဘက်က အပစ်ခတ်လက်မှတ် မထိုးသေးတဲ့ လူတွေကလည်း ပါဝင်လာပြီးတော့ တစ်ဘက်မှာလည်း လူထုတွေရဲ့ ပါဝင်နဲ့ အင်အားတစ်ခုဖြစ်ပြီးတော့ အရှေ့ကိုတက်သွားနိုင်လိမ့်မယ်လို့ ကျနော်ကယူဆပါတယ်"
ဒါ့အပြင် ဗိုလ်ချုပ် စောအိုင်းဇက်က ရှမ်းပြည်နယ်က နေရာတချို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကို စိုးရိမ်ကြောင်းနဲ့ အပစ်ရပ်လက်မှတ် မထိုးသေးတဲ့အဖွဲ့တွေပါ လက်မှတ်ရေးထိုးနိုင်လာဖို့အတွက် ကြိုးပမ်းဖို့လိုကြောင်း ပြောပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးကလည်း NCA တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ဟာ နှစ်ဘက်တပ်တွေ လိုက်နာရမယ့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်သာဖြစ်ပြီး ထာဝရငြိမ်းချမ်းရေးရဖို့အထိ ဆက်လက်ကြိုးပမ်းသွားဖို့လိုကြောင်း အစည်းအဝေးမှာ ပြောသွားခဲ့ပါတယ်။
"JMC ရဲ့ အကောင်အထည်ဖော်မှုတွေဟာ အောက်ခြေက ထိတွေ့မှုတိုက်ပွဲတွေကို လျော့ချသွားဖို့ကို အဓိကရည်ရွယ်တာဖြစ်ပါတယ်၊ ဒီနေရာမှာ ကျနော်တို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့လည်း အပစ်ခတ်ရပ်စဲရေး သဘောတူညီခဲ့တာဖြစ်ပါတယ်၊ နိုင်ငံတော်အစိုးရအနေနဲ့ ထာဝရငြိမ်းချမ်းရေးရရှိတဲ့အထိ တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်၊ ဆက်လက်ကြိုးပမ်းတဲ့အခါမှာ အစိုးရ တပ်မတော်အနေနဲ့ ထာဝရငြိမ်းချမ်းရေးရရှိရေးကို အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်မှာဖြစ် ပါတယ်"
JMC “ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေး ကော်မတီ” အစည်းအဝေးကို ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ၃ ရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို နေပြည်တော်မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ လက်မှတ်ရေးထိုးခဲ့ပြီး JMC ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီနဲ့ UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီတို့ကို ဖွဲ့စည်းခဲ့ပါတယ်။
အလားတူ အပစ်ရပ်လက်မှတ်ရေးထိုးပြီးနောက် ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပဖို့ အဲဒီဦးဆောင်ကော်မတီတွေက တာဝန်ယူရမှာဖြစ်ပါတယ်။
ဒီပွဲကို အစိုးရဘက်က ပြည်ထောင်စုဝန်ကြီ ဦးခင်မောင်စိုး၊ စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ၁ ဗိုလ်ချုပ် ထွန်းထွန်းနောင် စတဲ့ပုဂ္ဂိုလ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေအဖြစ် KNU က ဗိုလ်ချုပ်စောအိုင်းဇက်၊ KNU/KNLA PC က ဗိုလ်ချုပ်စောနေစိုးမြ၊ CNF က ဒေါက်တာရွှေခါးရ် စတဲ့ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီအစည်းအဝေးကို တက်ရောက်နေတဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောတာဒိုမှူး ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်၊