ကချင်ဝန်ကြီးချုပ် ဗန်းမော်မြို့ ခံတွေနဲ့ တေ့ွဆုံ
တိုင်းပြည်တိုးတက်ဖို့အတွက် ငြိမ်းချမ်းရေး ရအောင် ပြည်သူတွေပူးပေါင်းပါဝင်ကြဖို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ဗန်းမော်မြို့ခံတွေကို တိုက်တွန်းလိုက် ပါတယ်။
-
2017-06-21 -
-
-
တိုင်းပြည်တိုးတက်ဖို့အတွက် ငြိမ်းချမ်းရေးရအောင် ပြည်သူတွေပူးပေါင်းပါဝင်ကြဖို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ဗန်းမော်မြို့ခံတွေကို တိုက်တွန်းလိုက်ပါတယ်။
ဗန်းမော်မြို့ မြို့တော်ခန်းမမှာ ဒီကနေ့ကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ပြောကြား ခဲ့တာဖြစ်တယ်လို့ တွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ ဗန်းမော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်း က ပြောပါတယ်။
"ပြည်သူလူထုအားလုံးပါဝင်မှသာလျှင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်မှာဖြစ်တဲ့အကြောင်း၊ ဒါမှသာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မယ် လူမှုရေးဖွံ့ဖြိုးတိုးတက်မယ်"
တွေ့ဆုံပွဲမှာ ဒေသခံတွေက မြေယာပြဿနာ၊ မူးယစ်ဆေးဝါး စတဲ့ ကိစ္စတွေအပါအဝင် ဒေသတွင်းမှာ ရင်ဆိုင်တွေ့ ကြုံနေရတဲ့ အခြေအနေတွေကို တင်ပြခဲ့ပါတယ်။
ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရဝန်ကြီးတွေ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ ဗန်းမော်ခရိုင်က လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နဲ့ ဋ္ဌာနဆိုင်ရာ တာဝန်ရှိသူတွေဟာ မနေ့က တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းရှိတဲ့ လွယ်ဂျယ်မြို့ကို သွားရောက်ခဲ့ပါတယ်။
အဲဒီခရီးစဉ်ကို ဇွန်လ ၁၈ ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီး ဗန်းမော်၊ မိုးမောက်၊ မန်စီ၊ ရွှေကူ၊ လွယ်ဂျယ် စတဲ့ ဒေသတွေက လူထုတွေနဲ့ တွေ့ဆုံခဲ့သလို ဆေးရုံ၊ ကျောင်း၊ လမ်း တံတား ဖွံ့ဖြိုးရေးဆောင် ရွက်နေတာတွေကို သွားရောက်စစ်ဆေးတာဖြစ်ပါတယ်။ ပြည်နယ်အစိုးရအဖွဲ့ သွားရောက်တဲ့ မန်စီ၊ ဗန်းမော် နဲ့ လွယ်ဂျယ်တို့မှာ စစ်ဘေးဒုက္ခသည် ရှိပါတယ်။
ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ဒီဗန်းမော်ခရိုင် ခရီးစဉ်ဟာ အစိုးရသစ်တက်လာပြီး တစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။