ကချင်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးကြီးနိုင်
မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသအထက်ပိုင်းတွေမှာ နောက် ၂ရက်အထိ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန်ပါတယ်။
-
2017-09-03 -
-
-
မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသအထက်ပိုင်းတွေမှာ နောက် ၂ရက်အထိ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံကနေ မုတ်သုန်ပြန်ထွက်တော့မယ့် အခြေအနေတွေကြောင့် အခုလို မိုးကြီးမှာဖြစ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
"မုတ်သုန်လေဖိအားနည်းမြောင်တန်းက မြန်မာနိုင်ငံအထက်ပိုင်းကနေပြီး ဖြတ်တယ်ပေါ့နော်။ မုတ်သုန်ပြန်ထွက်တော့မယ်ဆိုရင် မြန်မာနိုင်ငံမြောက်ပိုင်းတို့ ဘာတို့မှာဆိုရင် နေရာကွက်ပြီး မိုးကြီးတယ်ပေါ့နော်။ မုတ်သုန်လေဖိအားနည်းမြောင်တန်းက မြန်မာနိုင်ငံ အထက်ပိုင်းကို ဖြတ် တယ်ပေါ့နော်။ မြောက်ပိုင်းဒေသတွေကိုဖြတ်တော့ မြန်မာနိုင်ငံအထက်ပိုင်းဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေ သကြီး အထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနေတဲ့ အနေထားပေါ့နော်။"
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမြို့တွေဖြစ်တဲ့ ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်နဲ့ ဖောင်းပြင်စတဲ့ မြို့တွေမှာ မိုးကြီးနိုင်တာဖြစ်တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၀ ရက်နေ့အထိကြားကာလမှာတော့ လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မြစ်ရေအခြေအနေကတော့ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ စိုးရိမ်ရေမှတ် ကျော်လွန်နေပါတယ်။ ငဝန်မြစ်ရေကတော့ ငါးသိုင်းချောင်းမြို့နဲ့ သာပေါင်းမြို့တွေ မှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီး နောက် ၃ ရက်အတွင်းတော့ ရေပြန်ကျနိုင်တယ်လို့ သိရပါတယ်။