စစ်ပွဲတွေရပ်ပေးရေး တောင်းဆို

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပေး ဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့နေတဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရေးကို ပိတ်ပင်တားဆီးတာတွေမလုပ်ဖို့ ကချင်အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက် ပါတယ်။

ရန်ကုန်မြို့ Orchid Hotel မှာ ကချင်အရပ်ဘက်အဖွဲ့တွေ စုပေါင်းပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာလ ၆ ရက်နေ့က တွေ့ရစဉ် Photo: Wai Mar Tun/RFA

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပေးဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေ အတွက် ကူညီထောက်ပံ့နေတဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရေးကို ပိတ်ပင်တားဆီးတာတွေမလုပ်ဖို့ ကချင် အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်မြို့ Orchid Hotel မှာ ကချင်အရပ်ဘက်အဖွဲ့တွေ စုပေါင်းပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဒုက္ခသည်စခန်းတွေကို ပြည်နယ်အစိုးရ ခွင့်ပြုချက်တောင်းခံပြီးမှ ရိက္ခာထောက်ပံ့ရေး သွားရောက်ရမယ်ဆိုတဲ့ ပိတ်ပင်တားဆီးမှုမျိုးတွေ လုံးဝမလုပ်ဖို့ တောင်းဆိုကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ဝင် မအက်စတာ ခေါင်နောက ပြောပါတယ်။

"လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းဖြစ်သော စားနပ်ရိက္ခာသယ်ယူ၊ ပို့ဆောင်၊ ဖြန့်ဖြူးခြင်းကိစ္စများ ပိတ်ပင်တားဆီးမှု လုံးဝမပြုလုပ်ပါရန် နိုင်ငံတော်အစိုးရအား လေးနက် စွာ တောင်းဆိုအပ်ပါသည်"

အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ကြား ဇွန်လကစတင်ဖြစ်ပွားနေတဲ့ တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဒေသခံ တစ်သိန်းနှစ်သောင်းကျော် နေရပ် စွန့်ခွာထွက်ပြေးနေရပြီး စစ်ဘေးဒုက္ခသည်စခန်း တစ်ရာ့ခြောက်ဆယ်ကျော် (၁၆၇) ခု ဖွင့်လှစ်ထားရပါတယ်။

အဲ့ဒီဒုက္ခသည်စခန်းတွေထဲကို သွားရောက်မယ့် NGO/INGO တွေ၊ ဘာသာရေးအသင်းအဖွဲ့တွေနဲ့ လူမှုရေးအသင်း အဖွဲ့တွေအနေနဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုချက်ရမှသာသွားရောက်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့မှာ အစိုးရက စာထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ကချင်အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်ပွဲတွေရပ်တန့်ပေးဖို့၊ စစ်ဘေးဒုက္ခသည်တွေအတွက် စားဝတ်နေရေး ထောက်ပံ့မှုကို ကန့်သတ်ထိန်းချုပ်တာတွေမလုပ်ဖို့ ၊ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုးမြို့နယ် ပူဝန်ကျေးရွာကို လက်နက်ကြီးကျည်ဆံ ကျရောက်ခဲ့တာကြောင့် နှစ်နှစ်အရွယ်ကလေးငယ် သေဆုံးခဲ့တဲ့အပေါ် အရေးယူဆောင်ရွက်ပေးဖို့ စတာတွေကို တောင်းဆိုခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org