Kalay Police Service ကို ကလေးမြို့ CDM ရဲတပ်ဖွဲ့ဝင်တွေ ဖွဲ့စည်း

စစ်ကိုင်းတိုင်း ကလေးမြို့မှာ အကြမ်းမဖက် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု CDM မှာပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေက Kalay Police Service (ရဲအဖွဲ့) ဆိုပြီး ဒီဇင်ဘာ ၆ ရက် ဒီနေ့ စတင်ဖွဲ့စည်းလိုက်ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာ သွားလာနေသူတွေကို တွေ့ရစဥ်

စစ်ကိုင်းတိုင်း ကလေးမြို့မှာ အကြမ်းမဖက် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု CDM မှာပါဝင်တဲ့ ရဲတပ်ဖွဲ့ ဝင်တွေက Kalay Police Service (ရဲအဖွဲ့) ဆိုပြီး ဒီဇင်ဘာ ၆ ရက် ဒီနေ့ စတင်ဖွဲ့စည်းလိုက်ပါတယ်။

ကလေး PDF အဖွဲ့နဲ့ ပူးပေါင်းပြီး ဒေသတွင်း ရဲလုပ်ငန်းတွေကို လူ့အခွင့်အရေး လေးစားလိုက်နာဖို့ ပွင့်လင်း မြင်သာဖို့ လွတ်လပ်မှု တရားမျှတမှုတို့နဲ့အညီ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးတွေကို တန်ဖိုးထားလေးစားတဲ့ ပြည်သူတွေအားထားရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ မွေးထုတ်နိုင်ရေး အတွက် ဒေသခံလူငယ်တွေကို စုစည်းပြီး ရဲသင်တန်း ဖွင့်လှစ်သင်ကြားပေးမယ်လို့လည်း CDM ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

ကလေးမြို့မှာ CDM ရဲဝန်ထမ်း ၁၀ ယောက်ခန့်ရှိပြီး ဒီသင်တန်းကို လာမယ့်တစ်ပတ်အတွင်း ဖွင့်လှစ် သင်ကြားပေးမယ်လို့လည်း ဆိုပါတယ်။

ဒီအဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှာ လုပ်ကိုင်သွားမှာဖြစ်ပြီး ကလေးအခြေစိုက် PDF တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်လုပ်ကိုင်သွားမယ်လို့ CDM ရဲဝန်ထမ်းတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org