ကလေးမြို့ ခရိုင်တရားရုံး မီးလောင်

2021.05.22
ကလေးမြို့ ခရိုင်တရားရုံး မီးလောင် ကလေးမြို့ တပ်ဦးသီတာရပ်ကွက်က ခရိုင်တရားရုံး ၂၀၂၁ မေ ၂၂ ရက်နေ့က မီးလောင်ခဲ့စဉ်
Photo - Chin World

စစ်ကိုင်းတိုင်း ကလေးမြို့ တပ်ဦးသီတာရပ်ကွက်က ခရိုင်တရားရုံး မေလ ၂၂ ရက် ဒီနေ့မနက်ပိုင်းက မီးလောင်ခဲ့တယ်လို့ ကလေးခရိုင် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မနက် ငါးနာရီခန့်က မီးစလောင်တာဖြစ်ပြီးတော့ တရားရုံးရဲ့ သက်သေခံပစ္စည်းတွေ ထားတဲ့နေရာမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး သက်သေခံပစ္စည်းတွေဖြစ်တဲ့ ဆိုင်ကယ်နဲ့ ကားတွေ မီးလောင်သွားတယ်လို့ ပြောပါတယ်။

မီးလောင်တဲ့နေရာကို မီးသတ်ကားခြောက်စီးနဲ့ ငြိမ်းသက်ခဲ့ရာမှာ မနက်ခြောက်နာရီခွဲအချိန်ခန့်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ကလေးခရိုင် မီးသတ်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မီးလောင်မှုအကြောင်းအရာနဲ့ ထိခိုက်ဆုံးရှုံးမှုတွေကိုတော့ အတည်နိုင်ခြင်းမရှိသေးပါဘူး။

ကလေးမြို့မှာ ဒီမေလတစ်လအတွင်းမှာတင် မီးလောင်မှုနှစ်ကြိမ်ဖြစ်ခဲ့ရာ မေလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက ကလေးမြို့ အမှတ် ၁၄ စာသင်ကျောင်းလည်း မီးလောင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။