မင်းကင်းမြို့နယ် မီးရှို့ခံ ရွာသုံးရွာက ဒေသခံ ၅၀၀ ကျော် အကူအညီလိုအပ်
မင်းကင်းမြို့နယ် ရွာသုံးရွာက နေအိမ် ၁၄၀ ခန့် ဖေဖော်ဝါရီ ၁ ရက်က မီးရှို့ဖျက်ဆီးခံရပြီး လူ ၅၅၀ ကျော် အကူအညီလိုအပ်နေပါတယ်။
- 2022-02-03
-
-
-
မင်းကင်းမြို့နယ်က ရွာတစ်ရွာမှာ စစ်တပ်မီးရှို့ခဲ့အိမ်တွေကို တွေ့ရစဥ်
ဓါတ်ပုံ - မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်အတွင်း အနောက်တောရွာ၊ ဘင်ရွာနဲ့ အုန္နဲဘုတ်ရွာက နေအိမ် ၁၄၀ ခန့်ဟာ ဖေဖော် ဝါရီလ ၁ ရက်နေ့က မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက် လူပေါင်း ၅၅၀ ကျော် အကူအညီလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဝတ်အထည်၊ စားနပ်ရိက္ခာနဲ့ အမျိုးသမီးသုံးပစ္စည်းတွေကအစ လိုအပ်နေတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတဦးကပြောပါတယ်။
“စစ်သားတွေနဲ့ ပျူစောထီးတွေရောက်လာတော့ ဒေသခံတွေက ရှောင်ကြတယ်။ အဲဒီရွာတွေက လူတွေလည်း မရှိကြတော့ဘူး၊ တရွာပြီးတရွာဝင်ပြီး ရှို့သွားတာ။ ရုတ်တရက် ထွက်ပြေးကြရတော့ ဘာမှသယ်ချိန်ကိုမရဘူး။ ချင်းတွင်းမြစ် အနောက် ဘက်ခြမ်း ကာကွယ်ရေးအဖွဲ့တွေကတော့ စုပေါင်းပြီး လှူဒါန်းနေပေမဲ့ လိုအပ်နေကြတုန်းပါပဲ"
ချင်းတွင်းမြစ်ကြောင်းအတိုင်းတက်လာတဲ့ စစ်ကောင်စီရေယာဉ်တွေကို ဒေသခံအဖွဲ့တွေက တိုက်ခိုက်ခဲ့တဲ့အတွက် ကျေးရွာတွေကို ပြန်လည်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
နေအိမ်မီးလောင်ကျွမ်းဆုံးရှုံးသွားသူတွေဟာ လတ်တလောမှာ တောတွေထဲ တဲထိုးနေကြသူတွေရှိသလို ဘုန်းကြီးကျောင်းနဲ့ အခြားရွာတွေမှာ နေထိုင်နေကြသူတွေလည်းရှိတယ် လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားတွေဟာ ကင်းရွာကိုဝင်ရောက်ပြီး ဒေသခံ ခုနစ်ဦးကို ဖမ်းဆီးသွားပြီးနောက် အဲဒီအထဲက နှစ်ဦးသတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း ပုလဲမြို့နယ် မွေ့တုံရွာနဲ့ ပန်းရွာမှာ စစ်တပ်က ဝင်ရောက်လာပြီးနောက် နေအိမ် ၄၀၀ ကျော် မီရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။