စစ်ပြေးဒုက္ခစခန်းက ကချင်လူငယ်သုံးဦး အာရှကရာတေးရွှေတံဆိပ်တွေ ဆွတ်ခူး
စင်္ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အာရှ ၁ဝ နိုင်ငံ ကရာတေးဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ပထမဆု ရွှေတံဆိပ် (၄) ခု၊ ဒုတိယဆု ငွေတံဆိပ် (၂) ခု နဲ့တတိယဆု ကြေးတံဆိပ် (၃) ခု၊ စုစုပေါင်းဆု (၉) ခုရရှိခဲ့ပါတယ်။
-
2018-09-11 -
-
-
စင်္ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အာရှ ၁ဝ နိုင်ငံ ကရာတေးဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ပထမဆု ရွှေတံဆိပ် (၄) ခု၊ ဒုတိယဆု ငွေတံဆိပ် (၂) ခု နဲ့တတိယဆု ကြေးတံဆိပ် (၃) ခု၊ စုစုပေါင်းဆု (၉) ခုရရှိခဲ့ပါတယ်။
အဲဒီထဲမှာ ရွှေတံဆိပ်ဆုရှင် ၂ ဦးက ၁၅ နှစ်အရွယ် ဆိုင်းနူးဆိုတဲ့မိန်းကလေး နဲ့ ၁၂ နှစ်အရွယ် ဂျာလ ဆိုတဲ့ယောက်ျားလေးဖြစ်ပြီး၊ သူတို့ဟာ ပြည်တွင်းစစ်ကြောင့် မြစ်ကြီးနားမြို့ပေါ်က ရွှေစက်နဲ့ ဒူဂထောင် စစ်ပြေးဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့လူငယ်လေးတွေ ဖြစ်ပါတယ်။
ဆိုင်းနူးဟာ ငယ်စဉ်ကတည်းက မိဘနှစ်ပါးလုံး ကွယ်လွန်သွားပြီး အဒေါ်ဖြစ်သူမိသားစုနဲ့အတူ နေထိုင်ရင်း မြစ်ကြီးနားမြို့ ရွှေစက်အထက်တန်းကျောင်းမှာ နဝမတန်းတက်နေတဲ့ကျောင်းသူ ဖြစ်ပါတယ်။
နောက်ထပ် ရွှေတံဆိပ်ရတဲ့ လူငယ်လေး ၂ ယောက်က ဆိုင်းလတ်အောင်နဲ့ ဆိုင်းမန်နူးတို့ ဖြစ်ပါတယ်။ ငွေတံဆိပ်ရခဲ့တဲ့ ၂ ဦးကတော့ ဂျက်ကော့ (ခေါ်) ရာကု နဲ့ ဂျာဆမ်းဘင်းတို့ဖြစ်ပြီး၊ ဓနအောင်၊ ဆမ်ဝအောင်နဲ့ ဂျရန်အောင်တို့က ကြေးတံဆိပ်တွေ အသီးသီး ရခဲ့ကြပါတယ်။
စင်္ကာပူ၊ တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ သီရိလင်္ကာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံက အားကစားသမား အယောက် ၂ဝဝ လောက် ယှဉ်ပြိုင်ကြတဲ့ အဲဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကချင်ပြည်နယ်က ၁၅ ယောက်၊ ရန်ကုန်တိုင်းက ၂ ယောက်နဲ့ မန္တလေးတိုင်းက ၁ ယောက်၊ စုစုပေါင်း ၁၈ ယောက် သွားရောက် ယှဉ်ပြိုင်ခဲ့ပြီး ဆု ၉ ခု ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။
သူတို့အကြောင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားတာ ဒီ Link မှာ နားဆင်နိုင်ပါတယ်။