ကချင်ဒုက္ခသည်စခန်းက နိုင်ငံ့ဂုဏ်ဆောင် ကရာတေးရွှေတံဆိပ်ဆုရှင်
2018.09.10
စင်္ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အာရှ ၁ဝ နိုင်ငံ ကရာတေးဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ပထမဆု ရွှေတံဆိပ် (၄) ခု၊ ဒုတိယဆု ငွေတံဆိပ် (၂) ခု နဲ့တတိယဆု ကြေးတံဆိပ် (၃) ခု၊ စုစုပေါင်းဆု (၉) ခုရရှိခဲ့ပါတယ်။
အဲဒီထဲမှာ ရွှေတံဆိပ်ဆုရှင် ၂ ဦးက ၁၅ နှစ်အရွယ် ဆိုင်းနူးဆိုတဲ့မိန်းကလေး နဲ့ ၁၂ နှစ်အရွယ် ဂျာလ ဆိုတဲ့ယောက်ျားလေးဖြစ်ပြီး၊ သူတို့ဟာ ပြည်တွင်းစစ်ကြောင့် မြစ်ကြီးနားမြို့ပေါ်က ရွှေစက်နဲ့ ဒူဂထောင် စစ်ပြေးဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့လူငယ်လေးတွေ ဖြစ်ပါတယ်။
RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။