နေပြည်တော်ကောင်စီနယ်မြေမှာ ကယန်းအမျိုးသားနေ့ ကျင်းပခွင့်ရ

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်မှာ ပထမဆုံးအကြိမ် ကယန်းအမျိုးသားနေ့ကို ဒီကနေ့ ကျင်းပခွင့်ရခဲ့ပါတယ်။

၁၅ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းက မြောက်စလုံးကျေးရွာ မှာ ၂ဝ၁၅ ခုနှစ် ဧပြီလ ၁ဝ ရက်နေ့က ကျင်းပစဉ် Photo:Nay Thwae/RFA

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်မှာ ပထမဆုံးအကြိမ် ကယန်းအမျိုးသားနေ့ကို ဒီကနေ့ ကျင်းပခွင့်ရခဲ့ပါတယ်။

ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်အေးမောင်က ကယန်းတိုင်းရင်းသားတွေဟာ အဖက်ဖက်မှာ နိမ့်ကျနေသေးတဲ့ လူမျိုးဖြစ်ကြောင်း ဒီကနေ့ ကျင်းပတဲ့ ကယန်းအမျိုးသားနေ့နဲ့ ပတ်သက်ပြီးမေးမြန်းရာ မှာ ပြောပါတယ်။

လယ်ဝေးမြို့နယ် အောင်နန်းချိုကျေးရွာမှာ ၁၆ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ကို ကျင်းပတာဖြစ်ပြီး ရှမ်းပြည်နယ် ကယန်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးခွန်အေးမောင်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာ မျိုးအောင်တို့ တက်ရောက်ခဲ့ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေက လယ်ဝေးမြို့နယ် အောင်နန်းချို ကျေးရွာနဲ့ တဝိုက်မှာ ကယန်းတိုင်းရင်း သားတွေ နေထိုင်ကြကြောင်းနဲ့ အရင်နှစ်တွေက နေပြည်တော်ကောင်စီနယ်မြေမှာ ကျင်းပခွင့် တောင်းခံခဲ့ရာမှာ ခွင့်ပြုချက် မရခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ ကယန်းတိုင်းရင်းသားလူဦးရေဟာ  သုံးသိန်းနီးပါးရှိကြောင်းလည်း ကယန်းတိုင်းရင်းသားရေးရာ ဝန်ကြီးက ပြောပါတယ်။

ကယန်းတိုင်းရင်းသားတွေဟာ ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ကယားပြည်နယ် လွိုင်ကော်မြို့နဲ့ ဒီမောဆိုမြို့၊ ကရင်ပြည်နယ် သံတောင်ကြီးဒေသတွေဖက်မှာ နေထိုင်တာများပါတယ်။

ဒီနေ့ ကျင်းပတဲ့ ကယန်းအမျိုးသားနေ့ကို လူဦးရေ ၃ဝဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org