အမျိုးသားလွှတ်တော် ဥက္ကဌဟောင်း ဦးခင်အောင်မြင့် တင်သွင်းတဲ့ အဆို ဆွေးနွေး

အမျိုးသားလွှတ်တော် ဥက္ကဌဟောင်း ဦးခင်အောင်မြင့်ရဲ့ စာမတတ်သူ ပပျောက်ရေး၊ အဆင့်မြင့် ပညာတွေ သင်ကြားနိုင်ရေးနဲ့ တိုင်းရင်းသားစာပေထွန်းကားရေးတို့ကို အထူးစီမံကိန်း ချမှတ်ပြီး ဆောင်ရွက်ဖို့ ပြည်ထောင်စု အစိုးရထံ တိုက်တွန်း တဲ့အဆိုကို ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးကြ ပါတယ်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၀ က ဦးလားလ်မင်းထန် စက်တင်ဘာလ ၇ ရက်နေ့က အမျိုးသားလွှတ်တော်မှာ ဆွေးနွေးနေစဉ် Photo: Win Ko Ko Latt/ RFA

အမျိုးသားလွှတ်တော် ဥက္ကဌဟောင်း ဦးခင်အောင်မြင့်ရဲ့ စာမတတ်သူပပျောက်ရေး၊ အဆင့်မြင့် ပညာတွေ သင်ကြားနိုင်ရေးနဲ့ တိုင်းရင်းသားစာပေ ထွန်းကားရေးတို့ကို အထူးစီမံကိန်းချမှတ်ပြီး ဆောင်ရွက်ဖို့ ပြည်ထောင်စု အစိုးရထံ တိုက်တွန်းတဲ့အဆိုကို ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးကြပါတယ်။

ကိုယ်စားလှယ် ၇ ဦး က ပါဝင်ဆွေးနွေးရာမှာ တိုင်းရင်းသားစာပေတွေ သင်ကြားရေးအတွက် ဘာသာစကား ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေကို ခန့်အပ်ထားသင့်တယ်လို့ အမျိုးသားလွှတ်တော် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၀ က ဦးလားလ်မင်းထန် က ဆွေးနွေးခဲ့ပါတယ်။

အဲ့ဒီအဆိုဟာ အမျိုးသားနိုင်ငံရေးနဲ့ တိုက်ရိုက်ဆက်နွယ်နေတယ်လို့လည်း ဦးလားလ်မင်းထန်က ဆွေးနွေး ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့အတွက် ဒီအဆိုဟာ အထောက်အကူပြု တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တချို့က ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးတဲ့ တိုင်းရင်းသားဒေသတွေမှာ စာမတတ်သူပပျောက်ရေးနဲ့ အဆင့်မြင့်ပညာ သင်ကြားရေးဟာ အရေးကြီးတဲ့အကြောင်း လည်း ဆွေးနွေးကြပါတယ်။

အဲဒီအဆိုကို မနက်ဖြန် ကိုယ်စားလှယ်အချို့ထပ်မံဆွေးနွေးပြီး လွှတ်တော်ရဲ့အဆုံးအဖြတ်ရယူမှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org