တိုင်းရင်းသားစာပေ ထွန်းကားရေး စီမံချက်ချဆောင်ရွက်ဖို့ အဆို ရှုံးနိမ့်


2016.09.12
khinaungmyint-620.jpg အမျိုးသားလွှတ်တော်ဥက္ကဌဟောင်း ဦးခင်အောင်မြင့်ကို စက်တင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

အမျိုးသားလွှတ်တော်ဥက္ကဌဟောင်း ဦးခင်အောင်မြင့်ရဲ့ တိုင်းရင်းသားမျိုးနွယ်စု တွေအတွက် စာမတတ်သူ ပပျောက်ရေး၊ အဆင့်မြင့်ပညာတွေသင်ကြားနိုင်ရေးနဲ့ တိုင်းရင်းသားစာပေ ထွန်းကားရေးတို့ကို အထူးစီမံကိန်း ချမှတ်ဆောင်ရွက်ဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်းအဆိုကို ဒီကနေ့ အမျိုးသားလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်သူများတဲ့အတွက် အဆိုရှုံးနိမ့်ခဲ့ပါတယ်။

ဦးခင်အောင်မြင့် တင်သွင်းတဲ့ အဆိုကို ဒီကနေ့အထိ လွှတ်တော်ကိုယ်စားလှယ် ၂၀ကျော် ဆွေးနွေးပြီးနောက် ဒီနေ့ မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီအဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ၊ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ်တွေ၊ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားကိုယ်စား လှယ်တွေ ပါဝင်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

NLD လွှတ်တော်ကိုယ်စားလှယ်တွေက ဦးခင်အောင်မြင့်ရဲ့အဆိုကို မှတ်တမ်းတင် ထားရှိဖို့ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ကျန်တဲ့ကိုယ်စားလှယ်တွေ က ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။

အဲဒီအဆိုနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိနေတဲ့အတွက် အဆိုတင်သွင်းသူ ဦးခင်အောင်မြင့်က လွှတ်တော်ရဲ့ အဆုံးအဖြတ်ယူမယ်လို့ ပြောတာကြောင့် စက်ခလုတ်နှိပ်ပြီး မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူ ၈၂ ဦး၊ ကန့်ကွက်သူ ၁၀၇ ဦး ရှိတဲ့အတွက် အဆို ရှုံးနိမ့်သွားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။