ဖာပွန်ခရိုင်က BGF စခန်းတစ်ခုကို KNU သိမ်းပိုက်

ကရင်ပြည်နယ်၊ ဖာပွန် (မူတြော်) ခရိုင်၊ မဲပလိကျေးရွာက နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ရဲ့ စခန်းကို ဇန်နဝါရီ ၁၆ ရက် မနေ့က ကရင်အမျိုးသားအစည်းအရုံး (KNU) က သိမ်းပိုက်ခဲ့ တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
BGF တပ်ရင်းအမှတ် (၁၀၁၄) ရဲ့ စခန်းကို ဝင်ရောက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင် တစ်ယောက်ကို အရှင်ဖမ်းမိခဲ့သလို စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဖာပွန်ခရိုင်၊ KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ ၅ က ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) အနေနဲ့ စစ်ကောင်စီကို ဆက်လက် ကူညီနေမယ်ဆိုရင် တိုက်ခိုက် မယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပြီးနောက် အဲဒီ BGF စခန်းတစ်ခုကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
BGF တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ ရောနှောနေထိုင်တာမျိုး မလုပ်ဖို့ တပ်မဟာ ၅ က သတိ ပေးထားပြီး သက်ဆိုင်ရာစခန်းတွေမှာပဲ လှုပ်ရှားဖို့ ဆိုထားတာပါ။
KNU တပ်မဟာ ၅ နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်၊ BGF ပူးပေါင်း တပ်ဖွဲ့တွေနဲ့ KNU တပ်တွေ ဟာ လက်ရှိဇန်နဝါရီ ၁၇ ရက်နေ့အထိမှာပင် တိုက်ပွဲပေါင်း ၁၂၀ ခန့် ဖြစ်ပွားနေတယ်လို့ ထုတ်ပြန် ထားပါတယ်။
ဒီတိုက်ပွဲတွေကြားမှာ စစ်ကောင်စီဘက်က အယောက် ၅၀ ကျော် သေဆုံးခဲ့ပြီး KNLA ဘက်က တစ် ယောက်သေဆုံးကာ လေးယောက် ဒဏ်ရာရခဲ့တယ်လို့ KNU မူတြော် ခရိုင်က ထုတ်ပြန်ထားပါတယ်။