ကိုထင်ကျော်ကို ထောင်ဒဏ် ၂ နှစ် ထပ်မံ ချမှတ်

ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ MDCF ခေါင်းဆောင် ကိုထင်ကျော်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ရွှေပြည်သာမြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။

ကိုထင်ကျော်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ရွှေပြည်သာမြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်စဉ်

ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ MDCF ခေါင်းဆောင် ကိုထင်ကျော်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ရွှေပြည်သာ မြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ် ၂ နှစ် ချမှတ် လိုက်ပါတယ်။

ကိုထင်ကျော်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ တရားစွဲထောင်ချခဲ့တဲ့ ၁၀ မြို့နယ်ထဲမှာ ဒီနေ့ ရွှေပြည်သာမြို့နယ် တရားရုံးက ချမှတ်လိုက် တဲ့ပြစ်ဒဏ်ဟာ အများဆုံးဖြစ်တယ်လို့ တရားရုံးချိန်းကို သွားရောက်ခဲ့တဲ့ MDCF အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကျော်လွင်က ပြောပါတယ်။

"ကိုထင်ကျော်ကို ဒီနေ့ ရွှေပြည်သာမြို့နယ်ကနေ ပြီးတော့ အလုပ်ကြမ်းနဲ့  ထောင်ဒဏ် ၂ နှစ် ချလိုက်ပါတယ်၊ ဒါအပေါ်ကပဲလို့ထင်တယ်ဗျ၊  သူ့ကိုအပြစ်များများရအောင် အပေါ်ကနေပြီး ကြိုးကိုင်ပြီးတော့ လုပ်ကိုင်နေလို့ပဲ၊ ဒီတရားဥပဒေတွေက ကျနော်တို့က မယုံကြည်ဘူး၊ တရားသူကြီး ချတယ်လို့  မမြင်ဘူးဗျ"

ကိုထင်ကျော်နဲ့ အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ဧပြီလက တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ကျောက်တံတား၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ မရမ်းကုန်း၊ လှိုင်သာယာစတဲ့မြို့နယ် ၁၁ မြို့နယ်မှာ ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ဆိုတဲ့ စာရွက်တွေဝေခဲ့တဲ့အတွက် တရားစွဲခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုထင်ကျော်ဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ တရားမဝင်စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ်ကျော် အမိန့်ချခံထားရပြီးဖြစ်ပါတယ်။

အခုလို ဒီမိုကရေစီစဉ်ဆက်မပြတ်ထွန်းကားရေးအဖွဲ့ခေါင်းဆောင် ကိုထင်ကျော်အပါအဝင် ဆန္ဒပြသူ တချို့ကို အစိုးရဆန့်ကျင်ရေးဆန္ဒပြတဲ့အတွက်တရားရုံးတွေခွဲပြီး ထောင်ဒဏ် အလီလီချမှတ်နေတာနဲ့ ပတ်သက်လို့ တရားစီရင်ခံရတာ မျှတမှုရှိမရှိ၊ ဥပဒေနဲ့ ညီညွတ်မှုရှိမရှိ ဆိုတာနဲ့ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org