ကချင်သုံးပါတီပူးပေါင်းတဲ့ ပါတီအမည် ပြောင်းလဲ

ကချင်နိုင်ငံရေးပါတီ ၃ခု ပူးပေါင်းတည်ထောင်တဲ့ ပါတီနာမည်ကို ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်က ခွင့်မပြုတဲ့အတွက် နာမည်ပြောင်းလဲပြီး ဒီနေ့ မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထား လိုက်ပါတယ်။

ကချင်ပါတီ ၃ ခုပေါင်းပြီး ကချင်ပြည်နယ် ပြည်သူ့ပါတီ အမည်နဲ့ မှတ်ပုံတင်ခဲ့စဉ် Photo: Hpau Mya La Ring

ကချင်နိုင်ငံရေးပါတီ ၃ခု ပူးပေါင်းတည်ထောင်တဲ့ ပါတီနာမည်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်မပြုတဲ့အတွက် နာမည်ပြောင်းလဲပြီး ဒီနေ့ မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားလိုက်ပါတယ်။

အရင်က “ကချင်ပြည်နယ်ပါတီ” အမည်နဲ့ နိုဝင်ဘာလ ၈ရက်နေ့မှာ မှတ်ပုံတင်ခွင့်တင်ထားတာဖြစ်ပြီး ဒီနေ့မှာတော့ “ကချင်ပြည်နယ် ပြည်သူ့ပါတီ”  Kachin State People’s Party လို့  ပြောင်းလဲပြီး  မှတ်ပုံတင်လိုက်တယ် လို့ သိရပါတယ်။

အရင်လျှောက်ထားတဲ့ ပါတီနာမည်ဟာ တခြား နာမည်တူပါတီတွေလည်း ရှိတဲ့အတွက် နောက်ပိုင်းမှာ ကန့်ကွက် တဲ့သူတွေ ရှိလာနိုင်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားတာကြောင့် အမည်ပြောင်း လဲ မှတ်ပုံတင်ရတာဖြစ်တယ်လို့ ကချင်ပေါင်းစည်းရေးပါတီက ဒေါက်တာ တူးဂျာက RFA ကို ပြောပါတယ်။

ပါတီမှတ်ပုံတင်ကျပြီးတဲ့နောက်ပိုင်းမှာတော့ ပါတီ တံဆိပ်၊ အလံနဲ့ ပါတီဝင် အမည်စာရင်းတင်တာတွေ၊ ပါတီညီလာခံကျင်းပတာတွေ  ပြုလုပ်သွားမှာဖြစ်တယ်လို့ ဒေါက်တာတူးဂျာက ပြောပါတယ်။

ကချင်ဒီမိုကရက်တစ်ပါတီ KDP၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP၊ စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ကချင်ပြည်နယ် UDPKS တို့ ၃ ပါတီ ပူးပေါင်းပါဝင်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org