လက်ရှိဗဟိုဘဏ်ဥက္ကဋ္ဌကို ဆက်လက်ခန့်အပ်ဖို့ အမည်စာရင်းတင်
လက်ရှိဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်ကို ဆက်လက်ခန့်အပ်ဖို့ နိုင်ငံတော်သမ္မတ က ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ အမည်စာရင်းတင်သွင်းလိုက်ပါတယ်။
-
2018-07-26 -
-
-
လက်ရှိဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်ကို ဆက်လက်ခန့်အပ်ဖို့ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် မှာ ဒီနေ့ အမည်စာရင်းတင်သွင်းလိုက်ပါတယ်။
လာမယ့်သြဂုတ်လ ၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမယ့် ဗဟိုဘဏ်ဥက္ကဋ္ဌနေရာအတွက် အသက် ၇၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဦးကျော်ကျော်မောင်ကို ဆက်လက် အမည်စာရင်း တင်ခဲ့တာပါ။
ဦးကျော်ကျော်မောင်ဟာ ၁၉၉၇ ခုနှစ်ကနေ၂ဝဝ၇ ခုနှစ်အထိ ဗဟိုဘဏ်ဥက္ကဋ္ဌတာဝန်ယူခဲ့သလို ပြီးခဲ့တဲ့ အစိုးရ လက်ထက် ၂ဝ၁၃ ခုနှစ် သြဂုတ်လကနေ ဒီကနေ့အထိ တာဝန်ယူထားတာလည်းဖြစ်ပါတယ်။
ဗဟိုဘဏ်ဥပဒေအရ ငါးနှစ်တစ်ကြိမ် ပြန်လည်အရွေးချယ်ခံရမှာဖြစ်ပြီး လူငယ်ပြုပြင်ပြောင်းလဲရေး လုပ်မယ့် သူတွေကို မရွေးချယ်တဲ့အတွက် ကိုယ်စားလှယ်တချို့က ဝေဖန်တာတွေလည်းရှိပါတယ်။
သမ္မတက အမည်စာရင်းတင်သွင်းတဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌကို ကန့်ကွက်လိုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ လာမယ့် ဇူလိုင်လ ၃ဝ ရက်နေ့ နောက်ဆုံးထား စာရင်းပေးရမှာဖြစ်ပါတယ်။