ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် သမ္မတ အဆိုပြုသူကို လွှတ်တော် သဘောတူ


2018.07.31
kyawkyawmaung-622.jpg ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ဆက်လက်ခန့်အပ်ခံရတဲ့ ဦးကျော်ကျော်မောင် ကို တွေ့ရစဉ်
.

လက်ရှိ ဗဟိုဘဏ်ဥက္ကဋ္ဌ ကို ဆက်လက်ခန့်အပ်ဖို့ နိုင်ငံတော်သမ္မတ အဆိုပြုချက်ကို ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိ ဒီနေ့ အတည်ပြုလိုက်ပါတယ်။

ဦးကျော်ကျော်မောင် ကို ဗဟိုဘဏ်ဥက္ကဋ္ဌ အဖြစ် သုံးကြိမ်မြောက် တာဝန်ယူဖို့ လွှတ်တော်က သဘောတူ လိုက်တာဖြစ်ပါတယ်။

လာမယ့်သြဂုတ်လ ၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမယ့် ဗဟိုဘဏ်ဥက္ကဋ္ဌနေရာအတွက် အသက် ၇၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဦးကျော်ကျော်မောင်ကို ဆက်လက်ခန့်အပ်ဖို့ သမ္မတက ဇူလိုင်လ ၂၆ရက်နေ့က ပြည်ထောင်စု လွှတ်တော်ထံ အမည်စာရင်း တင်သွင်းခဲ့တာဖြစ်ပါတယ်။

ကန့်ကွက်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိရင် ဇူလိုင်လ ၃၀ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်းပေးဖို့ ကြေညာထားပေမယ့် ကန့်ကွက်သူမရှိတာကြောင့် သမ္မတ အဆိုပြုချက်ကို ဒီနေ့ အတည်ပြုလိုက်တာဖြစ်ပါတယ်။

ဦးကျော်ကျော်မောင်ဟာ ၁၉၉၇ ခုနှစ်ကနေ၂ဝဝ၇ ခုနှစ်အထိ ဗဟိုဘဏ်ဥက္ကဋ္ဌတာဝန်ယူခဲ့သလို ပြီးခဲ့တဲ့ အစိုးရလက်ထက် ၂ဝ၁၃ ခုနှစ် သြဂုတ်လကနေ ဒီကနေ့အထိ တာဝန်ယူထားတာလည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။