မြေစီမံမှု ဥပဒေသစ် အမြန်ဆုံး ဆိုင်းငံ့ထားသင့်ကြောင်း HRW ထုတ်ပြန်

မြန်မာနိုင်ငံရဲ့ ၂၀၁၈ မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲမှုဥပဒေကို ပြန်လည်ပြင်ဆင်ပြီး အတည်ပြုလိုက်တဲ့ မြေစီမံမှု ဥပဒေသစ်ကို အမြန်ဆုံး ဆိုင်းငံ့ထားသင့်ကြောင်း HRW လူ့အခွင့်အရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ်က မြေနေရာတစ်ခုကို တွေ့ရစဉ် Photo: Kyaw Lwin Oo/ RFA

မြန်မာနိုင်ငံရဲ့ ၂၀၁၈ မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲမှုဥပဒေကို ပြန်လည်ပြင်ဆင်ပြီး အတည်ပြုလိုက်တဲ့ မြေစီမံမှု ဥပဒေသစ်ကို အမြန်ဆုံး ဆိုင်းငံ့ထားသင့်ကြောင်း HRW လူ့အခွင့်အရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

အဲဒီဥပဒေအရ  မြေအသုံးပြုလိုသူတွေ လျှောက်ထားရမယ့်ရက်ဟာ ဒီနေ့ မတ်လ ၁၁ ရက်နေ့က နောက်ဆုံး ရက်ဖြစ်ပါတယ်။ မြေယာကိစ္စနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ စစ်ပွဲတွေကြောင့် နေရာပြောင်းရွှေ့ကြရတဲ့ လူမျိုးစုတွေအပါအဝင် သက်ဆိုင်ရာ အသိုင်းအဝန်းတွေနဲ့အတူ ထဲထဲဝင်ဝင် ဆွေးနွေးညှိနှိုင်းသင့်ကြောင်း ကြေညာချက်မှာဖော်ပြပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့က ပြင်ဆင်လိုက်တဲ့ အဲဒီဥပဒေအရ သတ်မှတ်ရက်အတွင်း မလျှောက်ထားဘဲ မြေအသုံးပြုရင် ထောင်ဒဏ် ၂ နှစ်အထိ ကျခံရနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဒီဥပဒေကို မသိရှိသူတွေ အများအပြားရှိနေတယ်လို့ HRW ရဲ့အာရှတိုက်ဆိုင်ရာ ညွှန်ကြားရေးမှူး ဘရက်အဒမ် က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org